SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ရန်ကုန်အိမ်ခြံမြေဈေးကွက် အရောင်း အဝယ်ပြန်သွက်လာ

Sunday, 10 September 2017 13:39 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၉

ရန်ကုန် အိမ်ခြံမြေဈေးကွက် အတွင်း အရောင်း အဝယ်အေးသော အနေ အထားမှ ယခုရက် ပိုင်းတွင် အရောင်း အဝယ်ပြန်သွက်လာကြောင်း

ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံ မြေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်ထံမှ သိရသည်။''ဒီတစ်ရက်၊ နှစ်ရက် အတွင်းမှာ တော်တော်လေး အရောင်း အဝယ်ပြန်သွက်လာတယ်။ အရင် တုန်း က တစ်ချိန် လုံးအရောင်းအဝယ်အေးတဲ့ အနေအထားကနေ အခုလိုဖြစ်လာတာ ဘာကြောင့် မှန်းတောင် မမှန်းနိုင်တဲ့အနေအထားပါ။ ရှေ့ဆက်ပြီးတော့လည်း ဒီအတိုင်းသာ အရောင်း အဝယ်ဖြစ်နေ ရင်တော့ လာမယ့်ပွင့်လင်းရာသီမှာ အရောင်းအဝယ်ပိုကောင်းမှာပါ။

အခု အတိုင်းဖြစ်ဖို့တော့ မျှော်လင့်မိတာပေါ့''ဟု ဦးစိုင်းခွန်နောင် ကပြောသည်။ အိမ်ခြံမြေ ဈေးကွက်၌ ယခင်နှစ်ကဈေးကွက်မကောင်းခဲ့သည့် အခြေ အနေကြောင့် ယခုအရောင်း အဝယ် သွက်သော အနေအထားသည် ရေရှည် တည်တံ့စေရန်မျှော်လင့်နေကြကြောင်း သိရသည်။

''အရောင်းအဝယ်ကောင်းနေဖို့ မျှော်လင့်မိပါတယ်။ အငှားဈေးကွက်ကတော့ပုံမှန်ဖြစ်ပေမယ့် အရောင်း အဝယ်ကအခုမှကောင်းမယ်ဆိုရုံလေးရှိတော့ ရေရှည်မတည်တံ့မှာလည်း စိုးရိမ်မိပါ တယ်'' ဟုရန်ကုန်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူ ကိုမောင်မောင်နိုင် ကပြောသည်။ယခုအရောင်းအဝယ်ဖြစ်နေသော အနေအထားမှာ တစ်စတုရန်းပေလျှင် ငွေကျပ် ၁၃ဝဝဝဝ အကွက်များ က အများ ဆုံးအရောင်းအဝယ်သွက်နေခြင်းဖြစ်ကြောင်းသိရသည်။

Read 276 times Last modified on Sunday, 10 September 2017 13:41