SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ရန် ကုန် - ဒလတံတားစီမံကိန်းကန့်ကွက်မှုအှုအပေါ်သုံးသပ်ချက်ရေးသားတင်ပြမည်

Sunday, 10 September 2017 13:53 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၉

အသစ်တည်ဆောက်မည့် ရန်ကုန်-ဒလတံတား စီမံကိန်းအား မြန်မာ့ စက်မှု ဆိပ်ကမ်း လုပ်ကိုင် ခွင့်ရ

ကုမ္ပဏီလေးခုမှကန့်ကွက်သည့်အချက်များအပေါ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာ ရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီမှ သုံးသပ်ချက်ရေးသား၍ ဆက်လက်တင်ပြ သွား မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့စက်မှု ဆိပ်ကမ်းလုပ်ပိုင်ခွင့် ရရှိခဲ့သောကုမ္ပဏီကြီးလေးခုမှ စက်တင်ဘာ ၇ရက်တွင် တာဝန်ရှိ သူများနှင့် ယင်းကော် မတီတို့တွေ့ဆုံဆွေးနွေးကြပြီး ရန်ကုန်-ဒလတံတားစီမံကိန်းကို မြန်မာ့ စက်မှုဆိပ်ကမ်း (MIP) မှ အနာဂတ်ငွေကြေးဆိုင်ရာ နစ်နာမှုများကို အသေး စိတ် လာရောက်ရှင်းပြခဲ့ကြောင်းနှင့် တံတားတည်ဆောက်ပြီးစီးပါက နိုင်ငံခြား သင်္ဘော များ ဝင်ရောက်ရန် အခက် အခဲများ ကိုပါ တင်ပြခဲ့ကြောင်းသိရသည်။

''ကော်မတီကသုံးသပ်ချက်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ တင်ပြမှာပါ။ သူတို့လာပြော တဲ့အချက် တွေနဲ့ ဒေသခံကိုယ်စားလှယ်တွေရဲ့ ပြည်သူ့အသံကိုညှိနှိုင်းပြီး အစီရင်ခံစာ တင်မှာ ပါ''ဟု တိုင်းဒေသကြီးလွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီအတွင်းရေးမှူး ဦးကျော်ဇေယျကပြောသည်။

ရန်ကုန်-ဒလတံတား တည်ဆောက်ရန်ခန့်မှန်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ၁၆၈ ဒသမ ၁၇၄ သန်းဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ၏ EDCF Loan ချေးငွေဖြင့် တည်ဆောက် မည်ဖြစ် ကြောင်း သိရသည်။စီမံကိန်းကာလမှာ ငါးနှစ်ကြာမြင့်မည်ဖြစ်ပြီး တံတားအမျိုးအစားမှာ သံမဏိကြိုး ဆိုင်းတံတား အမျိုး အစားဖြစ် ကြောင်း သိရသည်။

Read 265 times Last modified on Sunday, 10 September 2017 13:54