SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ဆက်သွယ်ရေးဝန်ဆောင်မှု ကဏ္ဍတွင် အလုပ် အကိုင်လျှောက်ထားသူများပြား

Sunday, 10 September 2017 14:15 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၉

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဝန်ဆောင်မှု ကဏ္ဍတစ်ရှိန်ထိုး ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ နိုင်ငံတကာဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီများမှ ဝင်ရောက်လာမှုကြောင့် သြဂုတ် လ အတွင်း

ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍတွင် အလုပ်အကိုင်လျှောက်ထားသူ မြင့်မား ခဲ့ကြောင်း အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီ work.com.mm ၏စစ်တမ်းများအရ သိရသည်။

အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီ work.com.mm၏ စစ်တမ်းထုတ်ပြန်ချက်အရ သြဂုတ် လတစ်လတာအတွင်း ၎င်းတို့ဝက်ဘ်ဆိုက်မှတစ်ဆင့် အလုပ်အကိုင် လျှောက်ထားသူဦးရေ ၃၂ဝဝဝ ကျော်ရှိပြီးလျှောက်ထားသူဦးရေ၏ ၁၅ ရာခိုင်နှုန်းမှာ ဆက်သွယ် ရေးဝန် ဆောင်မှုကဏ္ဍကို အဓိကဦးစားပေးလျှောက်ထားကြကြောင်း သိရသည်။

အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီ work.com.mm တွင်သွင်းကုန်၊ ထုတ်ကုန် နှင့်ကုန် သွယ်မှုကဏ္ဍ၊ ကွန်ပျူတာနှင့်အိုင်တီနည်းပညာကဏ္ဍတို့တွင် အလုပ်ခေါ်ယူမှုအများဆုံးဖြစ်ပြီး ဆက် သွယ်ရေးဝန်ဆောင်မှုကဏ္ဍတွင် အလုပ်ခေါ်ယူမှုအများဆုံးကဏ္ဍ အဖြစ် ရပ်တည်ခဲ့ ကြောင်း၊ စာရင်းကိုင်နှင့် ဘဏ္ဍာရေး စီမံခန့်ခွဲမှုကဏ္ဍမှာ အလုပ်အကိုင်ခေါ်ယူမှုပေါင်း ၂ဝဝ ကျော်ဖြင့် ဦးဆောင်ခဲ့ပြီး အဆိုပါကဏ္ဍအတွက် အွန်လိုင်းတွင်လျှောက်လွှာတင်မှု၎ဝဝဝ ကျော်ရှိပြီးအရောင်းကဏ္ဍ၊ ဈေးကွက်မြှင့်တင်ရေးကဏ္ဍနှင့် အိုင်တီနှင့်ဆော့ဖ်ဝဲလ်ကဏ္ဍတို့ တွင် လည်း လုပ်ငန်း အမျိုး အစား အလိုက်အလုပ်အကိုင်အများဆုံးခေါ်ယူခဲ့ကြောင်းသိရသည်။

ထို့ပြင် သြဂုတ်လအတွင်း တသမု.ခသာ.ာာ မှတစ်ဆင့် အလုပ်အကိုင်လျှောက်ထားသူ အမျိုးသား၊ အမျိုးသမီးဦးရေ ၇ဝဝဝနီးပါးရှိပြီး အလုပ်အကိုင်လျှောက်ထားသူ အမျိုးသမီးရာခိုင်နှုန်းမှာ ၅၂ ရာ ခိုင်နှုန်း အထိရှိပြီး အလုပ်အကိုင်ခေါ်ယူမှုနှင့် လျှောက်ထားသူ အများ ဆုံးဒေ သများအဖြစ် ရန်ကုန်၊မန္တလေး၊ ပဲခူး၊ ငပလီကမ်းခြေနှင့် နေပြည်တော်တို့မှ အစဉ်လိုက်ရပ် တည်ခဲ့ကြပြီး အလုပ် အကိုင်ခေါ်ယူမှု၏ ၈၂ ရာခိုင်နှုန်းမှာ ရန်ကုန်မြို့အခြေစိုက် စီးပွား ရေးလုပ် ငန်းများဖြစ်ကြောင်း သိရသည်။

Read 306 times