SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ဆန်မှုန့်မှ မုန့်မျိုးစုံ ထုတ်လုပ်ပြီး ပြည်ပဈေးကွက်သို့တင်ပို့ နိုင်ရေး မြန်မာ-ဂျပန်ပူး ပေါင်း လုပ်ဆောင်နေ

Sunday, 10 September 2017 14:35 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၉

ဆန်မှုန့်မျိုးစုံမှ မုန့်ထုတ်လုပ်ပြီး ပြည်ပဈေးကွက်သို့ တင်ပို့နိုင်စေရေး မြန်မာ-ဂျပန် ပူးပေါင်း လုပ်ဆောင်မည်ဖြစ်ကြောင်း ယမန်နေ့က မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၌ကျင်းပခဲ့သည့်

ဆန် ဘေး ထွက်ပစ္စည်းဆန်ကွဲမှ တန်ဖိုးမြှင့်ဆန်မှုန့်ထုတ်လုပ်နိုင်မည့် အခမ်းအနားမှ သိရ သည်။''ပြည်တွင်းမှာ ဆန်စပါးအများအပြားထွက်ပေမယ့် အကျိုးအကြေဆန်တွေက များနေ သေး တာကြောင့် ဂျုံအစားထိုးအဖြစ်ဆန်မှုန့်ကိုအသုံးပြုပြီး မုန့်မျိုးစုံထုတ်လုပ်သွား နိုင်ဖို့ရှိပါတယ်။ ဒီအတွက် ဆန်မှုန့်နဲ့ပတ်သက်ပြီး အလေအလွင့်မရှိ အကျိုးစီးပွားဖြစ်မယ့်စက်တွေကို ပြည် တွင်းမှာ အသုံးပြုနိုင်အောင်မိတ်ဆက်တင်သွင်းမှာပါ။ ဒါ့အပြင် မကြာမီမှာ စက်တွေကို လက် တွေ့လာရောက်ပြသပေးမှာပါ''ဟု ဂျပန်နိုင်ငံမှ Machine Works က President Mr.Matoki Nishimura ကပြောသည်။ ဂျုံနှင့် ဆန်မှာ ကယ်လိုရီပမာဏတွင် ကွာခြားမှုမရှိသော်လည်း အမိုင်နိုအက်စစ်ပမာဏတွင် ဆန်က ပိုမိုကြွယ်ဝ၍ ဂျုံတွင် အစာ ချေဖျက်ရန်ခက်သော Gluten ဓာတ်တစ်မျိုး ပိုမိုပါ ဝင်နေပြီး ဆန်ကိုအစားထိုး၍ အသုံးပြု သွားနိုင်ပါက ရေရှည်တွင်ကျန်းမာရေးကို ပိုမိုအထောက်အကူပြုစေမည်ဖြစ်သဖြင့် ဆန်သားမှ ဆန်မှုန့် ကို အသုံးပြု၍မုန့်မျိုးစုံ ထုတ် လုပ်နိုင် ပါက အ ဆင်ပြေ လာနိုင်မည်ဖြစ်သည်။ ယခုအခါ ဆန် သားမှ ဆန်မှုန့်အဖြစ်ပြောင်းလဲ၍ မုန့်များကို ထုတ်လုပ်လာကြပြီး ပီဇာ၊ ပေါင်မုန့်နှင့် ကိတ်မုန့် တို့ကိုလည်း ထုတ် လုပ်နိုင်ကြောင်း သိရသည်။

ပြည်တွင်းရှိ ဆန်မှရရှိသည့် ဆန်ကွဲနှင့်အကျိုးအကြေဆန်များကိုအသုံးပြု၍ ဆန်မှုန့်ပြုလုပ်ပြီး မုန့်မျိုးစုံ ထုတ်လုပ်လာနိုင်ရန် ဂျပန်နိုင်ငံမှ Nishimura Machine Works ကတန်ဖိုးမြင့် မုန့်မျိုးစုံ ရရှိစေ ရန် အထိ ကြိတ်ခွဲ ထုတ်လုပ်သွားနိုင်သော ဆန်ကြိတ်ခွဲစက်များ တင်သွင်း ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရသည်။

Read 329 times Last modified on Sunday, 10 September 2017 14:37