SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ဗန်းမောက်မြို့နယ်၌ ဒေသအသုံးအဆောင် ဝါးနှီးဖြင့်ပစ္စည်းရက်လုပ်ခြင်းသင်တန်းဆင်း

Sunday, 10 September 2017 14:43 font size decrease font size decrease font size increase font size increase font size

ဗန်းမောက် စက်တင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင်ဗန်းမောက်မြို့နယ် ကျေးလက်ဒေ သဖွံ့ဖြိုးတိုး တက်ရေးဦး စီးဌာန ကကြီးမှူး၍ ဒေသအသုံးအဆောင် ဝါးနှီးဖြင့်ပစ္စည်းရက်လုပ်ခြင်းသင်တန်းဆင်းပွဲကို

ယမန် နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။ရှေးဦးစွာ မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးက ကျေးလက်နေပြည်သူများ လူနေမှု ဘဝမြင့်မား လာစေရန်နှင့်အလုပ် အကိုင်အခွင့်အလမ်းများရရှိလာစေရန်အတွက် နိုင်ငံ တော်က အမြို့မြို့ အနယ်နယ်တွင် သင်တန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း ပြောကြားသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးငြိမ်းက သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် မိမိတို့သင်ကြားတတ်မြောက်ထားသည့် ပညာရပ်များကို စဉ်ဆက်မပြတ်လေ့လာ နေမှ သာ အောင်မြင် တတ်ကျွမ်းမည်ဖြစ်ကြောင်း၊ လာမည့် ဇလုံတောင်ဘု ရားဖူးရာသီ ကာလတွင် လက်ဆောင် ပစ္စည်းများရောင်းချနိုင်ရန် ဆိုင်ခန်း တစ်နေရာ တည်ဆောက်ပေး သွားမည်ဖြစ် ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ဦးစီးမှူး ဦးရွှေဝင်း က သင်တန်းဆင်း လက်မှတ်များကို သင်တန်းသားများ ကိုယ်စား တာဝန်ရှိသူ တစ်ဦး ထံ လွှဲပြောင်းပေးအပ်ကြောင်းသိရသည်။

Read 365 times Last modified on Sunday, 10 September 2017 14:46