SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

အာဆီယံဒေသတွင်း ဆန်းသစ်တီထွင်နိုင်မှု ကဏ္ဍအတွက်စီးပွားရေးလုပ်ငန်းရှင်ဆုကို မြန်မာ နိုင် ငံမှ ဒေါက်တာခင်မောင်လွင်လက်ခံရရှိ

Sunday, 10 September 2017 14:58 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၉

အာဆီယံဒေသတွင်းနိုင်ငံများရှိ ဆန်းသစ်တီထွင်နိုင်မှုကဏ္ဍ အတွက် စီးပွားရေး လုပ်ငန်းရှင်ဆု ဆုချီးမြှင့် ပွဲ အခမ်းအနားကို စက်တင်ဘာ ၆ ရက်က ဖိလစ်ပိုင်နိုင်ငံမနီလာမြို့ Solaire ဟို တယ် ၌

ကျင်းပခဲ့ရာ အခမ်းအနားသို့ ဖိလစ်ပိုင်နိုင်ငံသမ္မတ Mr.Rodrigo Duterte ASEAN နိုင်ငံမှအကြီးအကဲများ၊ ဖိလစ်ပိုင်အစိုးရအဖွဲ့ဝင်များ၊ အဆင့်မြင့်အရာရှိကြီးများ၊ ဖိတ်ကြား ထား သော ဧည့်သည် များနှင့် နိုင်ငံအလိုက်ဆုရရှိကြသူများ တက်ရောက်ကြကြောင်း သိရ သည်။

အခမ်းအနားတွင် ASEAN SME ExcellenceAward (Innovation) ဆုကိုမြန်မာနိုင်ငံမှ FAME အော်ဂဲ နစ်ဆေးဝါးစိုက်ခင်းနှင့် ဆေးဝါးထုတ်လုပ်ရေးတည်ထောင်သူ ဒေါက်တာ ခင်မောင် လွင်ကလက်ခံရရှိပြီး ၎င်းကိုယ်စား Factory Director ဒေါ်စင်သီယာအား ဖိလစ်ပိုင်နိုင်ငံ သမ္မတ Mr.Rodrigo Duterte က ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ FAMEအော်ဂဲနစ်ဆေးဝါး စိုက် ခင်း၌ဆေး ဖက်ဝင်နွယ်ချိုပင်များစိုက်ပျိုးရာတွင်သမားရိုးကျစိုက်ပျိုးခြင်းမပြု ဘဲ နွယ်ချိုမြစ်များကို အရည်အသွေးပိုမိုကောင်းမွန်စေရန်နှင့် အလွယ်တ ကူထုတ် ယူရ ရှိစေရန်ပိုက်လိုင်းများဖြင့် သိပ္ပံ နည်း ကျစိုက်ပျိုးသည့်နည်းပညာကို ဆန်းသစ်တီထွင်ပြီး စိုက်ပျိုးခဲ့ခြင်းအတွက် အာဆီယံဒေသတွင်းနိုင်ငံများရှိ Regional Finalist ကုမ္ပဏီ များကို ကျော်ဖြတ်၍ Winner ဆုကို ချီးမြှင့် ခံရခြင်းဖြစ် သည်။

FAMEအနေဖြင့် မြန်မာနိုင်ငံ၌ပေါက်ရောက်သည့် သဘာဝဆေးဖက်ဝင်အပင်များကို ဓာတု ဗေဒနည်းပညာဖြင့်ပြုလုပ်ထားသော ဓာတ်မြေသြဇာ၊ ဓာတုပိုးသတ်ဆေး၊ ဓာတုပေါင်း သတ် ဆေး များ ကို အသုံးမပြုဘဲ သဘာဝနည်းပညာများကိုသာအခြေခံ၍ သိပ္ပံနည်း ကျစိုက်ပျိုး ထုတ်လုပ်ခြင်းမှ ရရှိသော ဆေးဝါးကုန်ကြမ်းများကိုအသုံးပြုကာ သဘာဝအော် ဂဲနစ်ဆေး ဝါးများ ကို ထုတ် လုပ်ပေးနေ သည့်ကုမ္ပဏီတစ်ခုဖြစ်သည်။

ယခုရရှိသော ASEAN BusinessAwards 2017ဆုမှာ ဒေါက်တာခင်မောင်လွင်အနေဖြင့် လေးကြိမ်မြောက်ရရှိသည့်ဆုတံဆိပ်ဖြစ်ပြီး အာဆီယံဒေသတွင်း ဆုတံဆိပ်အနေဖြင့် (၆)ကြိမ် မြောက် ရရှိခြင်းဖြစ်ကြောင်း သိရသည်။

Read 391 times Last modified on Sunday, 10 September 2017 15:01