SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ကန့်ဘလူမြို့နယ်၌ ကျေးလက်ဆေးပေးခန်း မြေနေရာနှင့် အဆောက်အအုံ လွှဲပြောင်းပေးအပ်

Sunday, 10 September 2017 15:45 font size decrease font size decrease font size increase font size increase font size

ကန့်ဘလူ စက်တင်ဘာ ၉

ကျေးလက်ဆေးပေးခန်း မြေနေရာနှင့်အဆောက်အအုံ    လွှဲပြောင်းပေးအပ်ပွဲကို စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် သင်ပန်းတောကျေးရွာ အုပ်စု ကံသာလှကျေးရွာ၌ ယမန်နေ့ နံနက် ၁ဝ နာ ရီက ကျင်းပသည်။

အခမ်းအနားတွင်   မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့် မောင်က အမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခုတင်-၁ဝဝ ဆံ့ ဆေးရုံအုပ် ဒေါက်တာ နေမိုး က ''ကျေးရွာပြည်သူတို့၏ ကျန်းမာရေးတိုးတက်ကောင်းမွန်လာစေရန် အကောင် အထည် ဖော်ဆောင် ရွက်ရာမှာ ဆေးပေးခန်းဖြစ်မြောက်ရေးအတွက်လှူဒါန်းပေးတဲ့အလှူရှင်များကို အထူးကျေး ဇူးတင်ပါတယ်။ ဆေးပေးခန်းရှိလာပြီဖြစ်တဲ့အတွက်  ဒေသအလိုက် ကျန်းမာ ရေးပြ ဿနာ များကို လွယ်ကူစွာ  ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်''ဟု  ပြောသည်။

ဆက်လက်၍ ဆေးပေးခန်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဝင်းက ဆေးပေးခန်းနှင့် ပတ် သက် ၍ စာရွက်စာတမ်းများကိုလွှဲပြောင်းပေးအပ်ရာ     ခုတင်-၁ဝဝ ဆံ့ဆေးရုံအုပ် ဒေါက်တာ နေမိုး က လက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်သည်။ယင်း နောက် ဆေးပေးခန်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဝင်းက ဆေးပေးခန်း ဆောက် လုပ်လှူ ဒါန်းရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။

အဆိုပါဆေးပေးခန်းမြေနေရာ အလျား၁၃၈ ပေ၊ အနံပေ ၁ဝဝ ကို ကံသာလှကျေးရွာနေ ဦးဖိုးစော ကလှူဒါန်းပြီး ယင်းမြေနေရာတွင် အလျားပေ ၃ဝ၊ အနံပေ ၃ဝ၊ အမြင့် ၁၂ ပေရှိ အာရ်စီ တစ်ထပ် အဆောက် အအုံကို ဆရာတော်အရှင်ဥတ္တရကမတည်၍စေတနာရှင် အလှူရှင်များ၊   ဆေးပေးခန်းဖြစ်မြောက်ရေးကော်မတီများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာပြည် သူများ၏စုပေါင်း ထည့် ၀င်ငွေကျပ်သိန်း ၂၅ဝ ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။

အခမ်းအနားသို့    မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊   ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့ ကျန်း မာရေးဦးစီးဌာန ဆေးရုံအုပ်နှင့် ဝန်ထမ်းများ၊   လူမှုရေးအဖွဲ့အစည်းများ၊  စေတနာ ရှင် အလှူ ရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း    သတင်း ရရှိ သည်။

Read 437 times Last modified on Sunday, 10 September 2017 15:49