SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

တရုတ်နိုင်ငံမှပန်းများ ယမန်နှစ်ကထက် ပိုမိုဝင်ရောက်လာမှုကြောင့် ပန်းစိုက်ပျိုးသူများ လုပ်ငန်းပြောင်းလဲလုပ်ကိုင်လာ

Thursday, 13 December 2018 10:12 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဒီဇင်ဘာ ၁၂

ပြည်တွင်း ပန်းဈေးကွက် အတွင်း တရုတ်နိုင်ငံမှ ပန်းမျိုးစုံ ယမန်နှစ်ကထက် ပိုမိုဝင်ရောက် နေမှုကြောင့် ပြည်တွင်းရှိ ပန်းစိုက်ပျိုးသူများ တခြား လုပ်ငန်းများသို့ ပြောင်းလဲလုပ် ကိုင်လာ ကြကြောင်း ပန်းအစုအဖွဲ့(ကလော) ဥက္ကဋ္ဌ ဦးဖိုးကင်းထံမှ သိရသည်။

ပြည်တွင်း၌ ဂန္ဓမာပန်းနှင့် သစ္စာပန်းတို့သာ အဓိက ထွက်ရှိနေသော်လည်း လတ်တလောတွင် မူဆယ်နယ်စပ်မှ နေ့စဉ်တရုတ် ပန်းမျိုးစုံ ပါရှိသည့် ၁၂ ဘီးယာဉ် လေးစီး ခန့်ဝင်ရောက်လျက် ရှိကြောင်း သိရသည်။

ယမန်နှစ်က ဂန္ဓမာ ပန်းတစ်ပွင့်လျှင် ငွေကျပ် ၁ဝဝ ခန့် အထိရှိခဲ့ရာမှ ယခုနှစ်တွင် ငွေကျပ် ၃ဝ ဝန်းကျင်အထိ ဈေးနှုန်း ကျဆင်းလာကြောင်း သိရသည်။

ပြည်တွင်းမှထွက်ရှိသည့် ပန်းများသည် နည်းပညာ လိုအပ်ချက်များ ရှိနေသည့် အတွက် တရုတ် နိုင်ငံမှ ဝင်ရောက်လာသည့် ပန်းများကဲ့သို့ အထားမခံ၍ ရန်ကုန် ပန်းဈေးကွက်၌ တရုတ်နိုင်ငံမှ ပန်းများကို ပိုမိုဝယ်ယူမှု များပြားလာခြင်း ဖြစ်သည်။

''တရုတ်နိုင်ငံက ဝင်တဲ့ပန်းက ပိုလှပြီး အထားလည်း ခံတဲ့အတွက် ပိုရောင်းရတယ်။ တရုတ် ပန်းတွေ ဈေးကွက်ထဲ ရောက်နေတာ နှစ်နှစ်လောက်ရှိပြီ။ ရောင်းတဲ့သူကတော့ ဝယ်သူတွေ အကြိုက် လိုက်ရောင်းရတာပဲ'' ဟု ပန်းရောင်းချသူ မချိုက ပြောသည်။

ရန်ကုန် ပန်းဈေးကွက် အတွင်းသို့ မန္တလေး တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ပန်းများ ဝင်ရောက်မှု ရှိနေပြီး တရုတ်နိုင်ငံမှလည်း ဝင်ရောက်မှုများရှိသည်။

နေနေ

Read 201 times Last modified on Thursday, 23 May 2019 12:50