SJ WorldNews - шаблон joomla Авто

မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေ ကျပ်သိန်း ၁၅ဝဝ လွှဲပြောင်း ပေးအပ်

Wednesday, 13 September 2017 09:27 font size decrease font size decrease font size increase font size increase font size

ပုလဲ  စက်တင်ဘာ  ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့ ပုလဲရတနာခန်းမ၌ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၅ဝဝ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည် က အမှာစကားပြောကြားပြီး ပုလဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးအောင်က ပုပ္ပာကျေးရွာ၊ ကမ္ဘားရပ်ကျေးရွာ၊ ကုန်းကျေးရွာ၊ နွားကူးကျေးရွာနှင့် ကံကြီးကျေးရွာရှိ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားစေရန် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် အာဟာရပြည့်ဝစေရန် ရည်ရွယ်ချက်များဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများကို ကျေးရွာတစ်ရွာလျှင် ငွေကျပ် သိန်း ၃ဝဝ နှုန်းဖြင့် လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း၊  မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေ လက်ခံရရှိသော ကျေးရွာမှ မြစိမ်းရောင် ရန်ပုံငွေကြီးကြပ်မှု ကော်မတီက သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း ချက်များနှင့်အညီ လုပ်ငန်းကဏ္ဍအလိုက် ချေးငွေပမာဏနှင့် ကာလသတ်မှတ်ခြင်း၊ ပြည်သူများအား    ချေးငွေထုတ်ချေးခြင်း၊ အတိုးရရှိငွေများကို စနစ်တကျ ထိန်းသိမ်းခြင်း၊ ရန်ပုံငွေ တိုးပွားရရှိအောင် ဆောင်ရွက်ခြင်း၊ စာရင်းဇယားများ တိကျမှန်ကန်စွာ ထားရှိနိုင်ရေးကို ဆောင်ရွက်ခြင်းနှင့်ပြည်သူလူထုက လက်ခံယုံကြည်အောင် ပွင့်လင်းမြင်သာစွာ   ဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်နှင့် တာဝန်ရှိသူများက မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေများကို ကျေးရွာတစ်ရွာလျှင် ငွေကျပ် သိန်း ၃ဝဝ နှုန်းဖြင့် ပုပ္ပာကျေးရွာ၊ ကမ္ဘားရပ်ကျေးရွာ၊ ကုန်းကျေးရွာ၊ နွားကူးကျေးရွာနှင့် ကံကြီးကျေးရွာ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များထံသို့ လွှဲပြောင်း ပေးအပ်ကြောင်း သိရသည်။

Read 359 times Last modified on Wednesday, 13 September 2017 09:28