SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဒီဇင်ဘာလတွင် ရေချိုငါးလုပ်ငန်း သုတေသန စင်တာ ဖွင့်လှစ်မည်

Thursday, 03 August 2017 15:00 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  သြဂုတ် 

မြန်မာနိုင်ငံ၌ ပထမဆုံး အနေဖြင့် တောင်ကိုရီးယားနိုင်ငံနှင့် ပူးပေါင်း၍ အကောင်အထည် ဖော်လျက်ရှိသည့် မန္တလေး တိုင်းဒေသကြီး သရက်ကုန်း ငါးလုပ်ငန်းစခန်း ရေချိုငါးလုပ်ငန်း သုတေသန စင်တာကို  ဒီဇင်ဘာလ တွင် စတင်ဖွင့် လှစ်မည်ဖြစ်ကြောင်း ငါးလုပ် ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇော်ထူးထံမှ သိရသည်။

ရေချိုငါးလုပ်ငန်း သုတေသန စင်တာကို၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် တောင်ကိုရီးယားနိုင်ငံနှင့် MoU လက်မှတ်ရေး ထိုးထားပြီး ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာနှစ်က စတင်တည်ဆောက်ခြင်းဖြစ်သည်။ ဒီဇင်ဘာလတွင် အဆို ပါ စင်တာကို ဖွင့်လှစ်မည် ဖြစ်သော်လည်း ဓာတ်ခွဲခန်းများထည့်ရန် ကျန်ရှိနေခြင်းကြောင့် ဖွင့်လှစ်ပြီးပါက လုပ်ငန်းစတင်နိုင်မည်မဟုတ်ကြောင်း သိရသည်။

''တောင်ကိုရီးယား နိုင်ငံက ဒီအဆောက်အအုံအတွက် ငွေကျပ် ၄ ဒသမ ၄ သန်း ပံ့ပိုးကူညီခဲ့တယ်။ မြန်မာနိုင်ငံဘက်က လမ်း၊ မီး၊ ရေ စတဲ့လိုအပ်တဲ့ အခြေခံအဆောက် အအုံပိုင်းတွေကို ဖြည့်ဆည်းရတာပါ။ ရေငန် လုပ်ငန်းနဲ့ပတ် သက်ပြီးတော့ သုတေသန စင်တာလုပ်ဖို့ နော်ဝေနိုင်ငံနဲ့ ညှိနှိုင်းပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရေချိုငါး အမျိုးအစား ပေါင်း ၂ဝဝ ကျော်လောက်ရှိပြီး ဒီသုတေသနစင်တာ အားလုံးပြီးစီးသွားရင် ရေချို ငါးတွေကို မွေးမြူနိုင်မယ့် ရေအမျိုး အစား၊ မြေအမျိုးအစားတွေကို သုတေသန  စမ်းသပ်မှုတွေ ပြုလုပ်နိုင်မှာပါ''ဟု ဦးမြင့်ဇော်ထူးက ပြောသည်။

Read 792 times Last modified on Friday, 04 August 2017 13:10