SJ WorldNews - шаблон joomla Авто

ရန်ကုန် ပန်းဈေးကွက်သို့ တရုတ်နိုင်ငံမှပန်းများ အဝင်များပြီး အရောင်းသွက်

Wednesday, 13 September 2017 11:22 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၁၂

ရန်ကုန်မြို့ သီရိမင်္ဂလာဈေး၌ ပဲပန်း၊ကျူးလစ်ပန်းနှင့် ပန်းခြောက်ရောင်စုံ စသည့် တရုတ် နိုင်ငံမှပန်း များ အဝင်များကာ အဝယ်လိုက်နေကြောင်း သီရိမင်္ဂလာဈေး ပန်းတန်းမှ ပန်းလက် ကားရောင်း ချနေသူ

ကိုအောင်စိုးထံမှ သိရသည်။လတ်တလောတွင် ပြင်ဦးလွင်မှပန်းများ အဝင်နည်း လျက်ရှိပြီး တရုတ်နိုင်ငံမှပဲပန်း၊ ကျူးလစ်ပန်း၊ ပန်းခြောက်နှင့်ကာနေးရှင်းပန်းများ အဝင်များ လျက်ရှိကာအဝယ်လိုက်နေကြောင်း သိရ သည်။

''အခုက ကျူးလစ်ပန်းနဲ့ တရုတ်နိုင်ငံကပန်းတွေရောင်းရတယ်။ ပြင်ဦးလွင်ကလာတဲ့ ပန်းတွေကျတော့ ဈေးမြင့်တယ်။ ရောင်းလို့ အဆင်မပြေဘူးလေ။ အခု ကျွန်မတို့လည်း မန္တလေး ပန်း တွေ ယူမရောင်းဘူး။ လောလော ဆယ် ခရမ်းက ထွက်တဲ့ ခြံပန်း၊ ပန်းထိမ်ငိုပန်း၊ရှိုးပန်း၊ သစ္စာ ပန်းနဲ့ ကျူးလစ်ပန်းတွေပဲရောင်းတယ်။ သူက ရေနဲ့ထားလည်းမပုပ်ဘူး။ လက်လည်းမဝင်ဘူး။ လှလည်း လှတယ်။

မွှေးလည်းမွှေးတော့ အဲဒါလေးတွေပဲဝယ်ကြတာများတယ်''ဟု အရှေ့ကြို့ကုန်းဈေးမှ ပန်းသည် ဒေါ်မြင့်မြင့်ဦးကပြောသည်။တရုတ်နိုင်ငံမှ ပန်းများသည် မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှတစ်ဆင့် သီရိ မင်္ဂ လာဈေး သို့  ဝင်ရောက်ကာ ရန်ကုန်မြို့သို့ရောက်ရှိရန် အချိန်နှစ်ရက် ခန့် ကြာမြင့်ကြောင်း သိရသည်။

Read 300 times Last modified on Wednesday, 13 September 2017 11:24