SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံ၏ ငွေကြေးစီမံ ခန့်ခွဲမှု ကဏ္ဍတွင် ကျွမ်းကျင်သူများ လိုအပ်နေပြီး အလုပ်ခန့်ထား လိုမှု များပြားနေ

Wednesday, 13 September 2017 11:29 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၁၂

မြန်မာနိုင်ငံ၏ငွေကြေးစီမံ ခန့်ခွဲမှု ကဏ္ဍတွင် ကျွမ်းကျင်သူများလိုအပ်နေပြီး အလုပ် ခန့်ထား လိုမှုများပြားနေကြောင်းမြန်မာနိုင်ငံ၏ အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက် Jobnet. com.mm မှသိရသည်။

အင်တာနက်ကို အသုံးပြု၍ အလုပ်ခေါ်ယူမှုများတွင် ဘဏ်လုပ်ငန်း ဆိုင် ရာ၊ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာနှင့် စာရင်းကိုင်ဝန်ထမ်းလိုအပ်ချက်မှာ ခြောက်လခန့် ဆက် တိုက်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့မြင့်တက်လာခြင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းအပြင် ဈေးကွက်တိုး တက်ပြောင်း လဲလာခြင်း၊ ဖွံ့ဖြိုးတိုးတက်လျက်ရှိသော ဘဏ်လုပ်ငန်းဆိုင်ရာ စနစ်များ ဖွံ့ဖြိုးစပြု လာခြင်းတို့ကြောင့် ယခုကဲ့ သို့ Banking and Finance  ပိုင်းတွင် အလုပ် အကိုင် ခန့် ထားရန် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

''မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်လာတဲ့အပြင် ငွေကြေးစီမံခန့်ခွဲမှုမှာ တကယ်ကျွမ်း ကျင်သူတွေလိုအပ်လာတယ်။ ငွေကြေးနဲ့ပတ်သက်တဲ့ စည်းမျဉ်း စည်းကမ်း တွေကလည်း တင်းကျပ် လာပြီးနိုင်ငံ တကာ စံချိန်တွေနဲ့ ရေးဆွဲကြရမယ်ဆိုတော့ လိုအပ်ချက် တွေပို များလာတာပါ'' WinThin and Associates Audit Firm မှ မန်နေးဂျင်းဒါရိုက်တာ ဦး မိုးကျော်ကပြောသည်။

အင်တာနက်မှ တစ်ဆင့် အလုပ်လျှောက်ထားမှုများတွင် Engineering  ကဏ္ဍသည် အများ ဆုံးဖြစ်ပြီး ဒုတိယမှာ အရောင်း၊ဈေးကွက်ရှာဖွေရေး အလုပ်အကိုင်များနှင့် ဘဏ်လုပ်ငန်း၊ တတိ ယမှာ ငွေကြေး စီမံခန့်ခွဲမှုနှင့် စာရင်းကိုင် အလုပ်အကိုင်တွင် လျှောက်ထားကြကြောင်း သိရ သည်။

Read 294 times Last modified on Wednesday, 13 September 2017 11:32