SJ WorldNews - шаблон joomla Авто

ယာဉ်လမ်းကြော အမှတ်အသား ရေးဆွဲမှုကို ခေတ်မီ စက်ပစ္စည်းများ တင်သွင်း၍ လုပ်ကိုင်နိုင်ရန် တိုင်းဒေသကြီး လွှတ်တော်သို့ အဆို တင်သွင်းမည်

Thursday, 14 September 2017 08:44 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၁၃

ရန်ကုန်မြို့တွင်း ယာဉ်လမ်းကြော အမှတ်အသားမျဉ်းများ၊ သင်္ကေတများ ရေးဆွဲရာတွင် လက်ရှိအသုံးပြုနေသော လူလုပ်အားဖြင့် လုပ်ကိုင်နေမှုအစား ခေတ်မီစက်ပစ္စည်းများကို မှာယူတင်သွင်း၍

လုပ်ကိုင်မည့်အဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းရန် စီစဉ်လျက်ရှိကြောင်း အလုံမဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့် ထံမှ သိရသည်။

''ဆေးပျက်နေတဲ့ မျဉ်းတွေကို ယာဉ်အန္တရာယ်ကြားကနေ ရေးဆွဲရတဲ့အပြင် မဆွဲခင်မှာလည်း ဆေးမှုန့်တွေကိုကျိုရတယ်။ ပြီးတော့ ထွက်လာတဲ့ အနံ့တွေကို ရှူရှိုက်မိတာလည်း ရှိတယ်။ မျဉ်းဆွဲစက်ထဲ ဆေးအရည်တွေ ထည့်ပြီးဆွဲတဲ့အခါ ပူနေတဲ့ အရည်တွေကို အပူခံပြီး လုပ်ကိုင်နေကြရတဲ့ လူလုပ်သားတွေရှိနေတယ်။ ဒါကြောင့် မျဉ်းဆွဲတဲ့လူတွေရဲ့ လုပ်ငန်းခွင်မှာ ခေတ်မီစက်တွေသာ အသုံးပြုမယ်ဆိုရင် အများကြီး သေသပ်ခေတ်မီသွားမယ့်အပြင် လုပ်ငန်းတွင်ကျယ်ပြီး အဆင်ပြေချောမွေ့စေမှာ ဖြစ်တာကြောင့် အဆိုတင်သွင်းဖို့ စီစဉ်ရတာဖြစ်ပါတယ်'' ဟု ဒေါ်ယဉ်ယဉ်မြင့်ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် အောက်ကြည့်မြင်တိုင် လမ်းမပေါ်၌ စက်တင်ဘာ၁၁ ရက် ည ၁၁ နာရီကျော်က လူကူးမျဉ်းကျား ရေးဆွဲမှုကို လုပ်ကိုင်နေရသည့်  ဝန်ထမ်းများ၏ အခြေအနေကို လာရောက်ကြည့်ရှုစဉ် လုပ်ကိုင်ရသော ပတ်ဝန်းကျင်အခြေအနေများကို မြင်တွေ့ခဲ့ရသဖြင့် ယခုကဲ့သို့စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။

Read 365 times Last modified on Thursday, 14 September 2017 08:45