SJ WorldNews - шаблон joomla Авто

ဒညင်းကုန်းဈေးသစ် တည်ဆောက်မှု First Phase ပြီးစီးနေပြီဖြစ်သောကြောင့် စတင်ရောင်းချရန် စီစဉ်

Thursday, 14 September 2017 08:52 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၁၃

ဒညင်းကုန်းဈေးကို အများပိုင် ကုမ္ပဏီအဖြစ် ဆောင်ရွက်လျက်ရှိပြီး ဈေး၏တည်ဆောက်မှုမှာ First Phase ပြီးစီးနေပြီ ဖြစ်သဖြင့် ဈေးသည်များ စတင်ရောင်းချနိုင်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနမှ ဌာနမှူး ဦးစံရွှေထွန်းထံမှ သိရသည်။

ယခုအခါ ဈေးတည်ဆောက်မှု အနေဖြင့် ခြောက်လက်မထု ကွန်ကရစ် လမ်းခင်းခြင်း၊ ကျောက်ကြီးစီခြင်း လုပ်ငန်း ၉၆ ရာခိုင်နှုန်း၊ ကွန်ကရစ်လောင်းခြင်း လုပ်ငန်း ၉၆ ရာခိုင်နှုန်း၊ 3 Storeyed Shop House တည်ဆောက်ရေး လုပ်ငန်း ၇၆ ရာခိုင်နှုန်း၊ 4 Storeyed Shop House တည်ဆောက်ရေး လုပ်ငန်း ၆၅ ရာခိုင်နှုန်း၊ (8+8) Whole Sales Fruit Market တည်

ဆောက်ရေး လုပ်ငန်း ၁ဝဝ ရာခိုင်နှုန်း၊ (4+9 ) Meal, Fish, Sea Food & Kitchen တည်ဆောက်ရေး လုပ်ငန်း ၁ဝဝ ရာခိုင်နှုန်း၊ (10+11) Flower, Fruit & Vegetable Ground Market တည်ဆောက်ရေး လုပ်ငန်း ၁ဝဝ ရာခိုင်နှုန်း၊ (8/1 )Seasonal Fruit Market တည်ဆောက်ရေး လုပ်ငန်း ၂၅ ရာခိုင်နှုန်း၊ Public Toiletတည်ဆောက်ရေး လုပ်ငန်း၆ဝ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ရာ Phase 1 စီမံကိန်းလုပ်ငန်း တစ်ခုလုံးပြီးစီးမှု ၅၆ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

''၂ဝ၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဖွင့်လှစ်နိုင်မှာပါ။ ဟင်းသီးဟင်းရွက်အပြင် အသား၊ငါးနဲ့ ပင်လယ်စာတွေကို လက်လီဝယ်ယူစားသုံးနိုင်ဖို့ စနစ်တကျထုပ်ပိုးပြီး အအေးခန်း အသုံးပြုရောင်းချတဲ့ စနစ်တွေပါဝင်ပါတယ်။ အသား၊ ငါးနဲ့ပတ်သက်ပြီး လက်ကားဖြန့်ဖြူး ရောင်းချတာတော့ မပါဝင်ပါဘူး'' ဟု ဦးစံရွှေထွန်းကပြောသည်။

အဆိုပါဈေးတွင် အခန်းပေါင်း ၅၉ ခန်း ပါဝင်သော Shop House လေးထပ်တစ်လုံး၊ ၁၃၉ ခန်းပါဝင်သော Shop House သုံးထပ်တစ်လုံးနှင့် တစ်ထပ်ဈေးရုံ အဆောက်အအုံငါးလုံး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ဒညင်းကုန်းဈေးမှာ အများပိုင် ကုမ္ပဏီဖြစ်သဖြင့် ယင်းဈေး စီမံခန့်ခွဲမှုအား ကုမ္ပဏီမှသာ စီမံခန့်ခွဲမည်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ် ဧပြီ ၁ ရက်က စီမံကိန်း စတင်ခဲ့ကာ ၂ဝ၁၈ခုနှစ် မတ် ၃ဝ ရက်တွင် ပြီးစီးရန် လျာထားကြောင်း သိရသည်။

Read 358 times Last modified on Thursday, 14 September 2017 08:53