SJ WorldNews - шаблон joomla Авто

ကျိုက်ထီးရိုးရှိဆိုင်ခန်းများတွင် ကျိုက်ထီးရိုးစေတီပုံပါအင်္ကျီများ ရောင်းချခွင့်မပြုတော့

Thursday, 14 September 2017 08:55 font size decrease font size decrease font size increase font size increase font size

မော်လမြိုင် စက်တင်ဘာ ၁၃

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးစေတီတော်ရှိ အဝတ်အထည်မျိုးစုံ အရောင်း ဆိုင်များတွင် စေတီတော်ပုံပါသည့် အဝတ် အထည်များကို ရောင်းချပါက ရောင်းချသည့် ဆိုင်များကို   

ဆိုင်ပိတ်သိမ်းသည် အထိ   အရေးယူသွားမည်ဖြစ်ကြောင်း စေတီတော် ဂေါပက အဖွဲ့ရုံး မှ သိရသည်။''အဝတ်အထည်ဆိုင်တွေနဲ့  အမှတ်တရပစ္စည်းဆိုင်တွေမှာ အထည်တွေရောင်းကြပါ တယ်။ ရောင်းတဲ့ အထည်တွေမှာ ကျိုက်ထီးရိုးစေတီတော်ပုံတွေရိုက်ပြီး မရောင်းကြဖို့  ဈေးသူဈေး သားတွေ ကို စည်းကမ်းသတ်မှတ်ထားတာရှိတယ်။ မနှစ်ကတော့ ရောင်းတဲ့ဆိုင်တွေရှိတယ်။ ဒီနှစ်တော့ ခွင့်ပြုမှာမဟုတ်တော့ဘူး။ အင်္ကျီဆိုတာက ကောင်းတဲ့အချိန်ကို ဝတ်ကြမယ်။   မကောင်းတဲ့အချိန်ဆိုရင် လက်သုတ်၊ခြေသုတ်ကြတော့ မသင့်လျော် ဘူးပေါ့''ဟုဂေါ ပကအဖွဲ့ ဝင် တစ်ဦးဖြစ်သူ  ဒေါက်တာခင်ဆောင်ကပြောသည်။

ကျိုက်ထီးရိုးစေတီတော် ဘုရားပွဲရာသီတွင်ဂေါပကအဖွဲ့ ကသတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာရမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက ချက်ချင်းဆိုင်ပိတ်သိမ်းသည်အထိ အရေးယူ မည်ဖြစ်ကြောင်း၊ သတ်မှတ်စည်းကမ်းတွင် ဂေါပကအဖွဲ့မှသတ်မှတ်ပေးထားသည့် ဈေးနှုန်း အတိုင်း ရောင်းချရမည်ဖြစ်ပြီး ဈေးတင် ရောင်းပါက ထိထိရောက်ရောက်အရေး ယူ မည်ဖြစ်ကြောင်း၊ ကျိုက်ထီးရိုးစေတီတော်တွင် ဆိုင်ခန်းပေါင်း  ၂ဝဝ ကျော်ရှိကြောင်း သိရ သည်။  

Read 319 times Last modified on Thursday, 14 September 2017 08:57