SJ WorldNews - шаблон joomla Авто

မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ

Thursday, 14 September 2017 10:08 font size decrease font size decrease font size increase font size increase font size

 မော်လမြိုင်  စက်တင်ဘာ  ၁၃

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့၌ ယမန်နေ့ နံနက် ၁၁ နာရီခွဲက မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူရေး  ကော်မတီမှ ကြီးမှူး၍ (၅၂)ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပသည်။

လောင်းလှူပွဲတွင် ကမာဝက်၊ မုဒုံ၊ သံဖြူ ဇရပ်၊ မော်လမြိုင်၊ ကျိုက်မရောနှင့် ပေါင် မြို့နယ်တို့ရှိ ဘုန်းကြီးကျောင်း ၁၇၃ ကျောင်း မှ သံဃာတော် ၆၂၇၆ ပါး၊ သီလရှင်ကျောင်း  ၃၈ ကျောင်းမှ သီလရှင် ၉၃၈ ပါး စုစုပေါင်း ၇၂၁၄ ပါးသည် ကမာဝက်မြို့ ရပ်ကွက်(၂)ရှိ ကျိုက်ဇယ်ဘုရား ဓမ္မာရုံမှစတင်၍ လမ်းမကြီး အတိုင်း ရပ်ကွက်(၅)အထိ လှည့်လည်ခဲ့ရာ မော်လမြိုင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတိုးလွင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များမှ ဆန်တစ်တင်းခွဲအိတ် ၃၅ဝဝ အိတ် နှင့် အလှူငွေကျပ် ၂၇ သိန်းကျော်တို့အား စုပေါင်း လောင်းလှူကြကြောင်း သိရသည်။            

Read 341 times Last modified on Thursday, 14 September 2017 10:09