SJ WorldNews - шаблон joomla Авто

အခြေခံယာဉ်မောင်း သင်တန်းနှင့် လယ်ယာသုံး စက်ကိရိယာ မောင်းနှင် ထိန်းသိမ်းမှု အခြေခံ သင်တန်းဆင်း

Wednesday, 20 September 2017 09:15 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၁၉

နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် စက်မှုလယ်ယာ ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော  လယ်ယာသုံး စက်ကိရိယာမောင်းနှင်၊ ထိန်းသိမ်းမှု အခြေခံသင်တန်းနှင့် အခြေခံယာဉ်မောင်း သင်တန်းအမှတ်စဉ်(၂/၂ဝ၁၇) ဆင်းပွဲကို ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်နှင့် နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဌေးဝင်းတို့က အမှာစကားပြောကြားသည်။

ထို့နောက် တာဝန်ရှိသူတစ်ဦးက လယ်ယာသုံး စက်ကိရိယာမောင်းနှင်၊  ထိန်းသိမ်းမှု အခြေခံသင်တန်းနှင့် အခြေခံယာဉ်မောင်း သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ရာ   သင်တန်းသားများက    လက်ခံ ရယူကြ သည်။

ဆက်လက်၍ လယ်ယာသုံး စက်ကိရိယာ မောင်းနှင်၊ ထိန်းသိမ်းမှု အခြေခံသင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် သင်တန်းသားသုံးဦးကို နေပြည်တော် ကောင်စီဝင်  ဦးအေးမောင်စိန်က လည်းကောင်း၊   အခြေခံယာဉ်မောင်း သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် သင်တန်းသားသုံးဦးကို နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန   ညွှန်ကြားရေးမှူး  ဦးဌေးဝင်းက လည်းကောင်း  ဆုများ အသီးသီး ပေးအပ်သည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ နေပြည်တော်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဌေးဝင်း၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသားများ တက်ရောက်ကြကြောင်း   သိရသည်။

Read 271 times Last modified on Wednesday, 20 September 2017 09:16