SJ WorldNews - шаблон joomla Авто

မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် ဒေသခံ တောင်သူများ တွေ့ဆုံပွဲကျင်းပ

Wednesday, 20 September 2017 09:17 font size decrease font size decrease font size increase font size increase font size

ပွင့်ဖြူ စက်တင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒေသခံတောင်သူများ တွေ့ဆုံပွဲကို မကွေး တိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ    စက်တန်းရပ်ကွက် မြစေတီဘုရား သာသနာ့ဗိမာန်၌ ယနေ့ နံနက် ၈ နာရီတွင် ကျင်းပသည်။

ရှေးဦးစွာ  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုးမြင့်က စိုက်ပျိုးရေး နည်းစနစ်များအကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက မြို့နယ်၏ စိုက်ပျိုးရေး လုပ်ငန်းများအကြောင်း ဆွေးနွေးရှင်းလင်းပြီး တက်ရောက်လာသော တောင်သူများက သိရှိလိုသည်များ မေးမြန်းရာ နွေနှမ်းစိုက်ပျိုးရေး လုပ်ငန်းနှင့် ပတ်သက်၍ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြန်လည်ရှင်းလင်းဖြေကြားသည်။

ထို့နောက်  တောင်မုန်းဘက်ခြမ်းနှင့် မြောက်မုန်းဘက်ခြမ်းတို့အား နွေရာသီတွင် နွေစပါးနှင့် နွေရေရရှိရေး၊ ဆည်တမံ၊ မြောင်းများ ရေပေးဝေနိုင်ရေးတို့ကို တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန   ညွှန်ကြားရေးမှူး ဦးသောင်းထိုက်က ရှင်းလင်း ပြောကြားကြောင်း သိရသည်။

Read 337 times Last modified on Wednesday, 20 September 2017 09:20