SJ WorldNews - шаблон joomla Авто

ပညာရေး၊ ကျန်းမာရေး အဆောက်အအုံများအား သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးအပ်

Wednesday, 20 September 2017 09:18 font size decrease font size decrease font size increase font size increase font size

လွိုင်ကော် စက်တင်ဘာ  ၁၉

ကယားပြည်နယ် လူထုဗဟိုပြု စီမံကိန်းက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ပညာရေး၊ ကျန်းမာရေး အဆောက်အအုံ များအား သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၁ဝ နာရီတွင် ကယား ပြည်နယ် အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်နယ် အစိုးရ အဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးဘော့စကိုက အဖွင့်အမှာ စကားပြောကြားသည်။

ထို့နောက်ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန  ဦးစီးမှူး ဦးကျော်သူအောင်က  လူထုဗဟိုပြု စီမံကိန်းအကြောင်းကို ရှင်းလင်းတင်ပြပြီး ပညာရေး၊ ကျန်းမာရေး နှင့်သက်ဆိုင်သော အဆောက်အအုံများကို တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်သည်။

ကယားပြည်နယ်၏ ၂ဝ၁၆ ခုနှစ် လူထုဗဟို ပြုစီမံကိန်း ဆောင်ရွက်ရာတွင် လမ်း ၈၄ ခု၊ တံတား ၁၈ ခု၊ ရေရရှိရေး ၇၆ ခု၊ ပညာရေး ၈၂ ခု၊ ကျန်းမာရေးတစ်ခုနှင့်  အခြားအခြေခံ အဆောက်အဦ ၆၁ ခု စုစုပေါင်း ၃၂၂ ခုကို ကျေးရွာအုပ်စု ၇၃ အုပ်စု၊ ကျေးရွာ ၂၉၈ရွာ၌ အကောင်အထည်ဖော်ဆောင် လျက်ရှိကြောင်း၊  အဆိုပါလုပ်ငန်းများမှ ပညာရေးလုပ်ငန်း ၈၂ ခုတွင် စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် ၅၆၆ ဒသမ ၉၇၂ သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၉ ဒသမ ၅၄၁ သန်းနှင့် ကျန်းမာရေးလုပ်ငန်း တစ်ခုတွင် စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ် ခုနစ် သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ စီမံကိန်းကို မြို့နယ်တစ်မြို့နယ်၌ လေးနှစ်  ဆက်တိုက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။                           

Read 331 times Last modified on Wednesday, 20 September 2017 09:19