SJ WorldNews - шаблон joomla Авто

ကျောင်းသား ကျောင်းသူများအား ပညာသင် ထောက်ပံ့ကြေးနှင့် ဗလာစာအုပ် ပေးအပ်လှူဒါန်း

Wednesday, 20 September 2017 09:20 font size decrease font size decrease font size increase font size increase font size

ဒီးမော့ဆို စက်တင်ဘာ ၁၉

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်အတွက် ပညာသင် ထောက်ပံ့ကြေးနှင့် ဗလာစာအုပ်ပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို  ယနေ့ နံနက် ၁ဝ နာရီတွင် ဒီးမော့ဆိုမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင်     ကယားပြည်နယ် ရွှေကန္ဒရဝတီပညာရေး ဖောင်ဒေးရှင်းအတွင်းရေးမှူး ဦးခီးရယ်က အမှာစကားပြောကြားပြီး ဒီးမော့ဆိုမြို့နယ် ရွှေကန္ဒရဝတီ ပညာရေး ဖောင်ဒေးရှင်း  ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမျိုးတင့်က ပညာသင် ထောက်ပံ့ကြေး ပေးအပ်ခြင်းနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားသည်။

ထို့နောက် ကယားပြည်နယ် ရွှေကန္ဒရဝတီ ပညာရေးဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက၂ဝ၁၇ -၂ဝ၁၈ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးနှင့် ဗလာစာအုပ်များကို ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ် သည်။

ကယားပြည်နယ် ရွှေကန္ဒရဝတီပညာရေး ဖောင်ဒေးရှင်းမှ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် မှစတင်၍ ပြည်နယ်အတွင်းရှိ မိဘမဲ့ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ထောက်ပံ့ ကြေးများ ပေးအပ်လျက်ရှိရာ ယခုပေး အပ်ခြင်းမှာ သုံးကြိမ်မြောက်ဖြစ်ပြီး ဒီးမော့ဆို မြို့နယ်တွင် မိဘမဲ့ကျောင်းသား၊ ကျောင်းသူ ၁၄၇ ဦးအတွက် ပညာသင်ထောက်ပံ့ငွေကျပ် ၄၅ သိန်း၊ ဗလာစာအုပ် ၃၅၄ ဒါဇင်ကို ပေးအပ်ကြောင်း သိရသည်။

Read 327 times Last modified on Wednesday, 20 September 2017 09:22