SJ WorldNews - шаблон joomla Авто

ရခိုင်ပြည်နယ် ကိစ္စတွင် လူမျိုး၊ ဘာသာ မခွဲခြားဘဲ နေရပ် စွန့်ခွာ ရသူများအား ထောက်ပံ့ ကူညီပေးနေမှု အခြေ အနေနှင့်စပ်လျဉ်း၍ ဆွေးနွေး

Wednesday, 20 September 2017 09:22 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၁၉

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား United Nations Resident Coordinator (UNRC) မှ Ms.Renata Dessallien ဦးဆောင်သော အဖွဲ့နှင့်  အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Patrick Murphy နှင့်အဖွဲ့တို့က ပြည်ထောင်စု ဝန်ကြီးရုံး မေခလာ ခန်းမ၌ ယနေ့ မွန်းလွဲပိုင်းတွင် သီးခြားစီ လာရောက်တွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် Ms.Renata Dessallien က နိုင်ငံတော် အစိုးရ၏ ရခိုင်ပြည်နယ် အတွက် ဆောင်ရွက် မှုများအား အသိအမှတ်ပြု ဝမ်းမြောက်ကြောင်း၊ လတ်တလော စားဝတ်နေရေး ထောက်ပံ့မှုများ အပြင် ရေရှည်

အတွက် ကျယ်ကျယ်ပြန့်ပြန့် ပြန် လည် ထူထောင်ရေးများ ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်း  ကူညီ ဆောင် ရွက် လိုကြောင်း ဆွေးနွေးသည်။

ထို့နောက် ဗြိတိန်နိုင်ငံ သံအမတ်ကြီးက ဆွေးနွေးရာတွင် လူသားချင်း စာနာထောက် ထားမှု အကူအညီများ လုံလုံ လောက်လောက် ပေးအပ်နိုင်ရေးအတွက် နည်းလမ်းရှာဖွေရန် တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်မှုသည် လုပ်ငန်းပမာဏ ကြီးမားသဖြင့် မြန်မာနိုင်ငံ အနေဖြင့် ရရှိ နိုင်သမျှ အရင်းအမြစ် အားလုံးကို အသုံးပြုနိုင်ရန် ဝိုင်းဝန်းနည်းလမ်း ရှာဖွေပေးလိုကြောင်း စသည်ဖြင့် တင်ပြ ဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက နိုင်ငံ တော်အစိုးရ အနေဖြင့် ရခိုင်ပြည်နယ် အရေး ကိစ္စများ နှင့်စပ်လျဉ်း ၍ ထိရောက်အောင်မြင်စေရေး အလေးထား ဆောင်ရွက်လျက် ရှိကြောင်း၊

မိမိဥက္ကဋ္ဌအဖြစ်  ဆောင်ရွက်လျက်ရှိသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော် ဆောင်ရွက်ရေး ကော်မတီ တာဝန်နှင့် အကြံပြုချက်များစွာအား အကောင်အထည်ဖော် ဆောင်ရွက်ရ မည်ဖြစ် သောကြောင့် ဦးစားပေးဆောင်ရွက်ရမည့် ကဏ္ဍများ ရွေးချယ်ကာ လက်တွေ့ အကောင်အထည် ဖော်နိုင်မည့် မဟာဗျူဟာများ ချမှတ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိ ရခိုင်ပြည်နယ်အတွက် ထောက်ပံ့ ဆောင်ရွက်မှုများတွင် Red Cross Movement ဖြင့်   နိုင်ငံတော် အစိုးရက ဦးဆောင်ညှိနှိုင်း ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍  ဒိန်းမတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးနှင့် Red Cross Movement နှင့်ပတ်သက်၍ အဆင်ပြေ ချောမွေ့ စွာဆောင် ရွက်နိုင်ရေး ကိစ္စရပ်များကို ညှိနှိုင်း ဆွေးနွေးခဲ့ ကြသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ   ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီးြ Mr. Patrick Murphy နှင့် အဖွဲ့အား တွေ့ဆုံရာတွင် Ms.Renata Dessallien က အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံ၏ ရင်းနှီးသောမိတ်ဖက် နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကျယ်ပြန့်သည့် စိန်ခေါ်မှုများ ရင်ဆိုင် ဖြေရှင်းနေရသည်ကိုနားလည် သိရှိကြောင်း၊ ရခိုင်ပြည်နယ် အရေး ကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေး ရာတွင် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကူညီမှုများ ပေးနိုင်ရေးအတွက် နေရပ်စွန့်ခွာရသူ အားလုံး အကူအညီ ရရှိရေး ဆောင်ရွက်မည့် အစီအစဉ်တွင် နိုင်ငံတကာ အဖွဲ့အစည်းများက ပံ့ပိုး ကူညီလိုသူ အားလုံး  ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက်  ဆောင်ရွက်ရမည့် အခြေအနေများအား သိရှိလိုကြောင်း၊ လက်ရှိဆောင် ရွက်နေသည့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အထောက်အပံ့များအပြင် အခြားမည်သည့် လုပ်ငန်းများအား ဦးစားပေး ဆောင်ရွက်မည်ကို သိရှိလိုကြောင်း စသည်ဖြင့် ရှင်းလင်း ဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီးက  ရခိုင်ပြည်နယ်  တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေး၊ အကောင် အထည်ဖော် ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီလေးခုကို ဖွဲ့စည်းထားမှုနှင့် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ၊ ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရေး ကော်မတီတွင် ဥက္ကဋ္ဌ အနေဖြင့်  ဆောင်ရွက်နေမှုနှင့် ကော်မတီအဖွဲ့ဝင်များဖြစ်သည့် အမြဲတမ်း အတွင်းဝန်များ ရခိုင်ပြည်နယ် အတွင်း ကွင်းဆင်း ဆောင်ရွက်နေမှု အခြေအနေ၊  ရခိုင်ပြည်နယ်ကိစ္စတွင် လူမျိုး၊  ဘာသာ မခွဲခြားဘဲ နေရပ် စွန့်ခွာရသူ အားလုံးအား ထောက်ပံ့ကူညီ ပေးနေမှု အခြေအနေ စသည်တို့ကို ရှင်းလင်း ဆွေးနွေးသည်။

မွန်းလွဲပိုင်းတွင်ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ် များကြောင့် ရခိုင်ပြည်နယ် ဒေသအတွင်း ဘေးဒုက္ခခံစား နေရသူအားလုံး အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရက လှူဒါန်းငွေကျပ်သန်း ၂ဝဝ ကို  မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးက လည်းကောင်း၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားအသင်း (ဗဟို)က လှူဒါန်းငွေကျပ်သိန်း ၂ဝကို ပါမောက္ခ ဒေါ်ရင်မြနှင့် တာဝန်ရှိသူ များကလည်းကောင်း လာရောက် လှူဒါန်းရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ် အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် ခဲ့ကြောင်း သိရသည်။ 

Read 317 times Last modified on Wednesday, 20 September 2017 09:23