SJ WorldNews - шаблон joomla Авто

ရခိုင်ပြည်နယ် အတွင်းရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများအတွက် ထောက်ပံ့ ပစ္စည်းများအား တပ်မတော်လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်၊ ဒေသခံ တိုင်းရင်းသား ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပစ္စည်းများ လိုက်လံ ပေးအပ်

Wednesday, 20 September 2017 09:23 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ  ၁၉

ရခိုင်ပြည်နယ်အတွင်း  ARSA အစွန်းရောက်  ဘင်္ဂါလီအကြမ်းဖက် သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ် များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့်  ဒေသခံ တိုင်းရင်းသား ပြည်သူများ၊ နိုင်ငံတော် ကာကွယ် ရေးနှင့် လုံခြုံရေး တာဝန်များကို ထမ်းဆောင် လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အတွက်  တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် အနယ်နယ် အရပ်ရပ်မှ စေတနာရှင် အလှူရှင် များက လှူဒါန်းသည့် စားသောက်ကုန်များနှင့် လူသုံးကုန် ပစ္စည်းများဖြစ်သည့် ထောက်ပံ့ ပစ္စည်း များကို စစ်တွေ လေဆိပ်သို့   ဆက်လက်ပို့ဆောင် ပေးလျက်ရှိသည်။

ထိုသို့ပို့ဆောင် ပေးလျက်ရှိရာ  ဒဂုံမုယော စပါးအချိုရည် ၅ဝ ကတ်၊ စပါကလင်အချိုရည်၅ဝ ကတ်၊ ရွှေဖီဦး လက်ဖက်ရည်ထုပ် ၅ဝ ဖာ၊ စည်သွတ်ဘူးကြီး ၄၂ ဖာနှင့် ဘူးသေး ၁ဝ၈ ဖာ၊ မှော်ဘီခေါက်ဆွဲ ၂ဝဝ ဖာ၊ ဘီစကွတ် ၂ဝဝ  ဖာ၊ အမယ်စုံ ၁ဝ ထုပ်၊ ရွှေပုဇွန်ကိတ် လေးပုံး၊ ဗခခေငေ တစ်ပုံးနှင့် ချိစ်ကိတ် တစ်ပုံးတို့ ကိုလည်းကောင်း၊ အမယ်စုံ ၇၆ ထုပ်၊ ကြက်ဥမရွေး ၁၃ဝ ဖာ၊ မာမီးခေါက်ဆွဲ နှစ်ဖာနှင့် ၄၂ တွဲတို့ ကို လည်းကောင်း ယနေ့ နံနက်ပိုင်းတွင် တပ်မတော် သယ်ယူပို့ဆောင်ရေး  Y-8  လေယာဉ်နှစ်စင်းဖြင့် မင်္ဂလာဒုံ လေတပ် စခန်း ဌာနချုပ်မှ စစ်တွေ လေဆိပ်သို့ ပို့ဆောင်ပေးရာ အဆိုပါ လေယာဉ် များသည် စစ်တွေ လေဆိပ် သို့ နံနက်ပိုင်းတွင် ရောက်ရှိခဲ့သည်။

ထို့အတူ နေရပ်စွန့်ခွာ ရွှေ့ပြောင်းရောက် ရှိနေသည့် တိုင်းရင်းသားပြည်သူများ လက်ဝယ်သို့ လုံခြုံရေး တပ်ဖွဲ့ဝင် များက နေရာအသီးသီး၌ လိုက်လံ ထောက်ပံ့ ပေးအပ်လျက်ရှိရာ ယနေ့တွင်  မောင်တောမြို့နယ် အတွင်းရှိ  ဒေသခံ တိုင်းရင်းသားပြည်သူ စုစုပေါင်း ၃ဝ၃၃ ဦးနှင့် ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာကျေးရွာရှိဒေသခံ တိုင်းရင်းသား ပြည်သူ ၂၃၅ဦးတို့ကို တပ်မတော်မှ ရဟတ် ယာဉ်များ၊ မော်တော်ယာဉ် များဖြင့် ထောက်ပံ့ ပစ္စည်းများ လိုက်လံ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read 265 times Last modified on Wednesday, 20 September 2017 09:24