SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဖာပွန်၌ နယ်လှည့် အသိပညာပေး ဟောပြော

Wednesday, 20 September 2017 09:24 font size decrease font size decrease font size increase font size increase font size

နယ်လှည့် အသိပညာပေး ဟောပြောပွဲကို ကရင်ပြည်နယ် ဖာပွန်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန က ဦးစီး၍ ယမန်နေ့ နံနက် ၁ဝ နာရီက ဖာပွန်မြို့ မဲသလွတ်ကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နှောင်းက စာဖတ်ခြင်း အကျိုးကျေးဇူးနှင့် ပတ်သက်၍ စာဖတ်ခြင်းအားဖြင့် အသိပညာ ဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ မှန်ကန်စွာ ပိုင်းခြားနိုင် သောအသိ၊ လူမှုရေး တိုးတက်ကောင်းမွန်မှုနှင့်အတူ မိမိကိုယ်ကို ယုံကြည်မှု ရှိလာမည် ဖြစ်ကြောင်း၊ ကျောင်းစာတွင် သာမက ပြင်ပဗဟုသုတများ ရရှိစေခြင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း စာများများဖတ်ပြီး ကျောင်း စာကြည့်တိုက်၊ ကျေးရွာစာကြည့်တိုက်များနှင့် အကျွမ်းတဝင် ဖြစ်အောင် လုပ်သင့်ကြောင်း ပြောကြားသည်။

ထို့နောက် ကျောင်းစာကြည့်တိုက်တွင် ထားရှိရန်အတွက် နံရံကပ်စာပေ ရေချမ်းစင်စာစဉ် ၁၃ မျိုးနှင့် စာအုပ်စာစောင် များပေးအပ် လှူဒါန်းရာ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူကြောင်း သိရသည်။

Read 359 times Last modified on Wednesday, 20 September 2017 09:27