SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဝဥများ ဈေးကောင်းရ၍ ဝဥ စိုက်တောင်သူများ အဆင်ပြေလျက်ရှိ

Wednesday, 20 September 2017 09:28 font size decrease font size decrease font size increase font size increase font size

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်၌ ယခုအခါ ဝဥများ ဈေးကောင်းရရှိသောကြောင့် ဝဥစိုက်တောင်သူများ ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဝဥများစိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင် တစ်တောင်အကွာတွင် စိုက်ပျိုးပြီး ဓာတ်မြေသြဇာ ထည့်သွင်းစရာ မလိုဘဲ အကုန်အကျ သက်သာသော အပင်မျိုးဖြစ်ကာ စတင်စိုက်ပျိုး၍ သုံးနှစ်အကြာတွင် တူးဖော်ရောင်းချနိုင်သည်။ ယခုအခါ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဝဥများကို စတင်တူးဖော်၍ ရောင်းချလျက်ရှိရာ အစိုတစ်ပိဿာလျှင် ငွေကျပ် ၇ဝဝ၊ အခြောက်တစ်ပိဿာလျှင် ငွေကျပ် ၆ဝဝဝ အထိ ဈေးကောင်းရရှိသည်။ ယင်းဝဥများကို သက်သတ်လွတ် အသားတုများ ပြုလုပ်စားသုံးလျက်ရှိပြီး မွန်ပြည်နယ် မုဒုံမြို့နှင့် မော်လမြိုင်မြို့၊ ကရင်ပြည်နယ် သာမညကျေးရွာတို့မှ လာရောက်ဝယ်ယူလျက် ရှိကြောင်း သိရသည်။

Read 625 times Last modified on Wednesday, 20 September 2017 09:29