SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် ကျေးရွာ မီးလင်းရေး ဖွင့်လှစ်

Wednesday, 20 September 2017 09:32 font size decrease font size decrease font size increase font size increase font size

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သော NEP(National Electrifi cation Project) စီမံကိန်းဖြင့် တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် ကျေးရွာမီးလင်းရေး ဖွင့်ပွဲအခမ်း အနားကို ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ဥဒေါင်းကျေးရွာ ဘုန်းေ တ်ာကြီးကျောင်း ဓမ္မာရုံ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။

ရှေးဦးစွာ လှိုင်းဘွဲ့မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချိုနှင့် လှိုင်းဘွဲ့မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းဇော်တို့က အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာ န ဦးစီးမှူး ဦးအောင်မျိုးမြင့်က ဆိုလာမီးလင်းရေး စီမံကိန်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တစ်အိမ်သုံး ဆို လာစနစ် တပ်ဆင်ပြီးစီးခြင်း အထိမ်းအမှတ်ဆိုင်းဘုတ်ကို လှိုင်းဘွဲ့မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းဇော်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးအောင်မျိုးမြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကျေးရွာအတွင်းရှိ နေအိမ်များတွင် အိမ်သုံးဆိုလာများ တပ်ဆင်ထားမှု၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတွင် ဆိုလာတပ်ဆင်မှုတို့ကို တာဝန်ရှိသူများက လိုက်လံကြည့်ရှု ကြောင်း သိရသည်။ အခမ်းအနားသို့ လှိုင်းဘွဲ့မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးခင်ချို၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးနိုင်ဝင်းဇော်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးအောင်မျိုးမြင့်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

Read 354 times Last modified on Wednesday, 20 September 2017 09:33