SJ WorldNews - шаблон joomla Авто

သြဂုတ်လအတွင်း ပြည်ပသို့ တရားဝင် အလုပ်သမား ၁၇ဝဝဝ ကျော် စေလွှတ်နိုင်

Wednesday, 20 September 2017 09:31 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  စက်တင်ဘာ  ၁၉

 ပြည်ပသို့ တရားဝင် အလုပ်သမား စေလွှတ်ရာတွင် သြဂုတ်လအတွင်း အလုပ်သမား ၁၇ဝဝဝ ကျော် စေလွှတ်နိုင်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။

သြဂုတ်လအတွင်း   ပြည်ပသို့  အလုပ်သမားများ စေလွှတ်ရာတွင် ထိုင်းနိုင်ငံသို့ ၁၆၅၆ဝ ဦးဖြင့် အများဆုံး စေလွှတ်နိုင်ပြီး မလေးရှားနိုင်ငံသို့   ၇၅၇  ဦး၊ တောင်ကိုရီးယား နိုင်ငံသို့ ၃၂၃ ဦး၊ ဂျပန်နိုင်ငံသို့ ၂၂၅ ဦးနှင့် စင်ကာပူနိုင်ငံသို့ ၂၁ ဦး၊ ယူအေအီးနှင့် ကာတာနိုင်ငံတို့သို့  သုံးဦးစီ  စေလွှတ်နိုင်ခဲ့သဖြင့် ပြည်ပသို့ အလုပ်သမား စုစုပေါင်း ၁၇၈၉၂  ဦး  စေလွှတ်နိုင်ခဲ့ ကြောင်း သိရသည်။

ယခုနှစ်အတွင်း   ပြည်တွင်း အလုပ်အကိုင် ရရှိရေးကို ဦးစားပေး ဆောင်ရွက်ခဲ့ရာ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများ၌ Labour Exchange Management Systemဖြင့် အွန်လိုင်းမှ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ပြည်တွင်းအလုပ်အကိုင် ရရှိမှုအနေဖြင့်   သြဂုတ် လအတွင်း အစိုးရအလုပ် နေရာပေါင်း ၂ဝ၃၅  နေရာ နှင့်  ပုဂ္ဂလိက အလုပ်နေရာပေါင်း  ၁၆၇၅၄   နေရာ အလုပ်နေရာ  စုစုပေါင်း ၁၈၇၈၉ နေရာ  ခန့်အပ် ထားနိုင်ကြောင်း သိရသည်။

Read 276 times Last modified on Wednesday, 20 September 2017 09:32