SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

လူကုန်ကူးမှု မူးယစ်ဆေးဝါး အန္တရာယ်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး

Wednesday, 20 September 2017 09:33 font size decrease font size decrease font size increase font size increase font size

လူကုန်ကူးမှု တားဆီး ကာကွယ်ရေး၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်း လိုက်နာစေရေး အသိပညာပေး ဟောပြောပွဲကို ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကော့မရိုင်း ကျေးရွာအုပ်စု ကြိမ်ကုန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ယမန်နေ့နံနက် ၁၁ နာရီက ကျင်းပသည်။

ဟောပြောပွဲတွင် ဒေါ်လန်းရဲကင်း စခန်းမှူး ဒုတိယ ရဲအုပ်နိုင်ဝင်းထွဋ်က လူကုန်ကူးမှု တားဆီး ကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အကြောင်းကို လည်းကောင်း၊ တိုက်နယ် ကျန်းမာရေးမှူး ဦးမင်းကျော်စိုးက မူးယစ် ဆေးဝါး၏ ဆိုးကျိုးများကို လည်းကောင်း အသီးသီး ရှင်းလင်းဟောပြော သည်။ အလားတူ ကရင်ပြည်နယ် ဘား အံမြို့နယ် ကော့လှိုက် ကျေးရွာအုပ်စု ကော့လှိုက်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ယမန်နေ့က လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး အန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပရာ ထုံးအိုင်နယ်မြေ ရဲစ ခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုတိယ ရဲအုပ်အောင်မင်းနှင့် နယ်ထိန်း တပ်ဖွဲ့ဝင်များက မှုခင်းအသိပညာများ၊ မူးယစ်ဆေးဝါး အန္တရာယ်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ လူကုန်ကူးမှု အသိပညာများ နှင့် သက်ငယ်မုဒိမ်းမှု အကြောင်းတို့ကို အသိပညာပေး ဟောပြောသည်။

ထို့အတူ မှုခင်းအသိပညာပေး ဟောပြောပွဲကို ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့မူတာ ကျေးရွာအုပ်စု ကော့မူတာ ကျေးရွာအခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၁ နာရီက ကျင်းပရာ ထုံးအိုင်နယ်မြေ ရဲစခန်းမှူး ရဲအုပ်ညီညီမိုးက မှုခင်းကျဆင်းရေးနှင့် မူးယစ်ဆေးဝါး အန္တရာယ်များ၊ သက်ငယ်မုဒိမ်းမှု အကြောင်းတို့ကို လည်း ကောင်း၊ ဒုတိယ ရဲအုပ် လင်းထွန်းနိုင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာများကို လည်းကောင်း၊ ဒုတိယရဲ အုပ်အောင်မင်းက လူကုန်ကူးမှု မခံရစေရေး ဆောင်ရန်၊ ရှောင်ရန်အချက်များကို လည်းကောင်း အသိပညာပေး ဟော ပြောကြပြီး တက်ရောက် လာကြသူများအား ရဲတပ်ဖွဲ့ဝင်များနှင့် ဆရာ၊ ဆရာမများက မှုခင်းအသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးကြောင်း သိရသည်။

Read 329 times Last modified on Wednesday, 20 September 2017 09:37