SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

စာကြည့်တိုက်များ ရှင်သန် ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေး ဟောပြော

Wednesday, 20 September 2017 09:41 font size decrease font size decrease font size increase font size increase font size

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေစေတမန်အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက်၁ဝ နာရီ က ဝေါမြို့နယ် အင်းတိုင်စုကျေးရွာ အခြေခံ ပညာအလယ်တန်း ကျောင်းခွဲ၌ ကျင်းပသည်။

ရှေးဦးစွာ ဝေါမြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်စန္ဒာက အဖွင့်အမှာစကား ပြောကြားပြီး အင်းတိုင်စု ကျေး ရွာအုပ်ချုပ်ရေးမှူး ဦးဇော်မင်းဦးနှင့် အင်းတိုင်စုကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲ ကျောင်းအုပ် ဆရာကြီး ဦးအေးသိန်းတို့က ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးရေးနှင့် စပ်လျဉ်း၍ အမှာစကား ပြော ကြားသည်။ ထို့နောက် ဝေါမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင်(၂) ဦးအောင် မြတ်လင်းက စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် အသိပညာပေး ဟောပြောပြီး ဝေါမြို့နယ် စာပေစေတမန် ပရဟိတ အဖွဲ့ဥက္ကဋ္ဌ ဘုန်းဇော်မိုး(ဥဿာ)က ရွှေရောင် အနာဂတ်လင်းလက်ဖို့ မျိုးဆက် သစ်တို့ စာဖတ်စို့ ခေါင်းစဉ်ဖြင့် ဟောပြောသည်။ ယင်းနောက် ဝေါမြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်စန္ဒာ နှင့်အဖွဲ့က ကျေးရွာအတွင်းရှိ အေးသာယာ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် အတွက် သုတ၊ ရသ စာအုပ်စာစောင် များနှင့် ဗီရိုတစ်လုံးတို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာကြည့်တိုက် ကော်မတီသို့ ပေးအပ်လှူဒါန်းပြီး ဟောပြောပွဲ တက်ရောက်သော မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဆိုလာမီးအိမ်နှင့် ကျောင်းဝတ်စုံများကို ကံစမ်းမဲဖောက် ပေးအပ်လှူဒါန်း သည်။

ဆက်လက်၍ နံရံကပ်စာစောင်၊ ပိုစတာ စာဖတ်ဝိုင်းများ ကျင်းပကြသည်။ အဆိုပါ အခမ်းအနားသို့ အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်စန္ဒာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျောင်းအုပ်ဆရာကြီး ဦးအေးသိန်း၊ စာပေစေတမန် ပရဟိတ အဖွဲ့ ဥက္ကဋ္ဌ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန် ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက် ရောက်ကြကြောင်း သိရသည်။

Read 312 times Last modified on Wednesday, 20 September 2017 09:42