SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

စပါးဈေးနှင့် ဆန်ဈေးမကိုက်သောကြောင့် ရန်ကုန်ဆန် အဝင်နည်းနေ

Tuesday, 28 May 2019 09:24 font size decrease font size decrease font size increase font size increase font size

ပြည်ပတင်ပို့သည့်ဆန်များ ကျဈေးဖြင့် ဆက်လက်ရောင်းချနေရာ စပါးဈေးနှင့် မကိုက်သောကြောင့် ရန်ကုန်ဆန်ဈေးကွက်သို့ ဆန်အဝင်နည်းနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း (ဘုရင့်နောင်)မှ အတွင်းရေးမှူး ဦးသန်းဦး၏ ပြောပြချက်အရ သိရသည်။

လက်ရှိ ၂၅ မှတ် ဆန်တစ်အိတ်လျှင် ငွေကျပ် ၁၇ဝဝဝ၊ ဆန်သား ၈၅၊ ၉ဝ တစ်အိတ်လျှင် ငွေကျပ် ၁၈၂ဝဝ မှ ၁၈၃ဝဝ ရှိရာ တစ်အိတ်လျှင် ငွေကျပ် ၈ဝဝ အထိ ဈေးနှုန်းကျဆင်းနေသည်။

''လက်ရှိဝယ်လိုအားကတော့ရှိပါတယ်။

သောကြာနဲ့စနေနေ့က ဈေးကွက်ထဲကို ဆန်တင်ကားတွေ ချလို့မပြီးဘူး။ ဂိုဒေါင်တွေမှာ နေရာတွေ ကျပ်နေတော့ ရာသီဥတု အခြေအနေကြောင့် အပြင်မှာလည်း မချရဲတော့ ဂိုဒေါင်တွေမှာ ကားတွေက နှစ်ညအိပ်လောက် ဖြစ်သွားတယ်။ ကုန်မချပေးနိုင်တော့ သူတို့က အဝယ်ရပ်သွားတယ်။ ဈေးကျတော့ နယ်မှာလည်း စပါးဈေးနဲ့ သိပ်မကိုက်တော့ အဝင်လည်း နည်းနည်းလျော့သွားတယ်''ဟု ဦးသန်းဦးက ပြောသည်။

ပြီးခဲ့သည့်တစ်ပတ်က ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ဆန်အိတ်ရေတစ်သိန်းဝန်းကျင် ဝင်ရောက်ခဲ့သော်လည်း ယနေ့တွင် ဆန်အိတ်ရေ ခြောက်သောင်းကျော်သာ ဝင်ရောက်ကြောင်း၊ ထို့ပြင် လာမည့်လအတွင်း နွေစပါးပေါ်မှသာ ဈေးကွက်အတွင်း အပြောင်းအလဲဖြစ်နိုင်သည်။ ရန်ကုန်မြို့ဘုရင့်နောင်ဈေးကွက်သို့ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ၂၅ မှတ်၊ ၁၅ မှတ်နှင့် ၅ မှတ်ဆန်များ ဝင်ရောက်လျက်ရှိကာ ၂၅ မှတ်ဆန်များကို ပင်လယ်ရေကြောင်းမှတစ်ဆင့် တခြားပြည်ပနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာလလယ်အထိ ပြည်ပဈေးကွက်သို့ မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ကွဲ မက်ထရစ်တန်ချိန်ပေါင်း တစ်သန်းခွဲကျော် တင်ပို့ထားပြီးဖြစ်ကာ ယင်းတင်ပို့မှုမှ စုစုပေါင်းဝင်ငွေ အမေရိကန် ဒေါ်လာ ၅၂၉ သန်းနီးပါးရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ မက်ထရစ်တန်ချိန် တစ်သန်းခွဲကျော်တွင် ဆန်ပမာဏမှာ တန်ချိန် တစ်ဆယ့်နှစ်သိန်းကျော် (၁၂၇၃၈၈၈) တန်ပါဝင်ပြီးဆန်ကွဲပမာဏမှာ နှစ်သိန်းရှစ်သောင်းကျော် (၂၈၃၆၆၉) တန်ပါဝင်ကာ ဆန်ကို နိုင်ငံပေါင်း ၄၆ နိုင်ငံနှင့် ဆန်ကွဲကို နိုင်ငံပေါင်း ၂၁ နိုင်ငံသို့ တင်ပို့ရောင်းချထားခြင်း ဖြစ်ကြောင်း သိရသည်။

နေနေ

Read 46 times Last modified on Tuesday, 28 May 2019 09:25