SJ WorldNews - шаблон joomla Авто

ခေတ်မီလက်နက်များ စနစ်တကျ ထားသို ထိန်းသိမ်းနည်းနှင့် ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြု ပစ်ခတ်နည်း သင်တန်းဖွင့်

Wednesday, 05 June 2019 10:09 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်အတွင်းရှိ တပ်ဖွဲ့ဝင်များ ကို ပြည်သူ့အကျိုးပြု ရဲလုပ်ငန်းများ ထိရောက်စွာ ကူညီဆောင်ရွက်ပေးနိုင်ရန်နှင့် လက်နက်များ ကိုင်ဆောင်၍ တာဝန် ထမ်းဆောင်ရာ၌ ခေတ်မီလက်နက်များ စနစ်တကျထားသို ထိန်းသိမ်းနည်းနှင့်   ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြု ပစ်ခတ်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် ခေတ်မီလက်နက်များ စနစ်တကျ ထားသိုထိန်းသိမ်းနည်းနှင့် ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြုပစ်ခတ်နည်း   (ဆင့်ပွား)သင်တန်းကို ဇွန် ၃ ရက်နံနက်ပိုင်းက ညောင်ဦးခရိုင် ရဲတပ်ဖွဲ့မှူးရုံး   အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ညောင်ဦးခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး စိန်ဝင်းက တပ်ဖွဲ့ဝင်သင်တန်းသားများ အနေဖြင့်  ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန် လိုအပ်ပြီး မိမိတို့အား ထုတ်ပေးထားသည့် လက်နက်များကို ကိုင်ဆောင်၍ တာဝန်ထမ်းဆောင်ရာ၌ မသက်ဆိုင်သော အပြစ်မဲ့ပြည်သူများကို ထိခိုက်ဒဏ်ရာ ရရှိအောင် မပြုလုပ်မိစေရန် အထူးဂရုပြုလိုက်နာ ဆောင်ရွက်သွားကြစေလိုကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းသည် တပ်ဖွဲ့ဝင်များကို လက်နက်များ စနစ်တကျ ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ် အသုံးပြုပစ်ခတ်တတ်စေရန် အတွက် ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ရာ သင်တန်းက ပို့ချမည့် သင်ခန်းစာများကို ဂရုတစိုက် လေ့လာ သင်ယူသွားကြစေလိုကြောင်း  ရှင်းလင်း ပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြ ဆရာများက တက်ရောက်လာသည့် သင်တန်းသား တပ်ဖွဲ့ဝင်များအား ပြည်သူ့အကျိုးပြု ရဲလုပ်ငန်းဆိုင်ရာများ၊ ခေတ်မီလက်နက်များ လုံခြုံစွာ စနစ်တကျ ထားသိုထိန်းသိမ်းနည်း စနစ်များနှင့် ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြု ပစ်ခတ်နည်းများကို စာတွေ့လက်တွေ့ ပို့ချသင်ကြားပေးကြသည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့     စုစုပေါင်း သင်တန်းသား ၂ဝ ဦး  တက်ရောက်ကြပြီး  သင်တန်းကို    ဇွန် ၃ ရက်မှ ၁၄ ရက်အထိ ဖွင့်လှစ်ပို့ချ သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

Read 98 times Last modified on Wednesday, 05 June 2019 10:10