×

Warning

JUser: :_load: Unable to load user with ID: 106
Print this page

ရွာဦးဆုတောင်းပြည့် စေတီတော်၌ ကျောက်စီနံရံ တည်ဆောက်ခြင်း လုပ်ငန်း ဆက်လက် ဆောင်ရွက်နိုင်ရန် အလှူရှင်များ လိုအပ်

Wednesday, 05 June 2019 10:26 font size decrease font size decrease font size increase font size increase font size

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ် ရှပ်ပုံကျေးရွာအုပ်စု ရှပ်ပုံကျေးရွာရှိ ရွာဦးဆုတောင်းပြည့် စေတီတော် တည်ရှိရာ တောင်ခြေပတ်လည်၌ ကျောက်စီနံရံ တည်ဆောက်ခြင်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် အလှူရှင်များ လိုအပ်လျက်ရှိကြောင်း သိရသည်။

ရွာဦးဆုတောင်းပြည့်စေတီတော် တည်ရှိသည့် တောင်ထိပ်သည် မတ်စောက်ပြီး မိုးရာသီများတွင် ရေတိုက်စား၍ မြေသားနံရံများ ပြိုကျလျက်ရှိရာ စေတီတော်ကြီး မြေခလဲကျမည့် အန္တရာယ်မှ ကင်းဝေးနိုင်စေရန်အတွက် တောင်ခြေပတ်လည်တွင် ကျောက်စီနံရံများ ခိုင်ခံ့အောင် ကာရံခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ရွာဦးဆုတောင်းပြည့် စေတီတော်ကြီး၏ တောင်ခြေပတ်လည်တွင် ကျောက်စီနံရံများအဖြစ် ခိုင်ခံ့စွာ ကာရံထားနိုင်ရန်အတွက် ရှပ်ပုံကျေးရွာ ရွာဦးဆရာတော်၏ မတည်လှူဒါန်းငွေများ၊ ရှပ်ပုံကျေးရွာသူ၊ ကျေးရွာသားများ၏ ထည့်ဝင်လှူဒါန်းငွေများနှင့် လုပ်အားဒါနများ၊ ရပ်ဝေးရပ်နီးမှ စေတနာရှင်၊ အလှူရှင်များ၏ လာရောက် လှူဒါန်းမှုဖြင့် ဆောက်လုပ်လျက်ရှိရာ လက်ရှိတွင် ပြီးစီးအောင် ဆောက်လုပ်နိုင်ခြင်း မရှိသေးဘဲ ဆက်လက် ဆောက်လုပ်နိုင်ရန်အတွက် စေတနာရှင်၊ အလှူရှင်များ လိုအပ်နေကြောင်း သိရသည်။

Read 121 times Last modified on Wednesday, 05 June 2019 10:26