SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဒေါတော်ကူး ကျေးရွာ၌ ကျေးရွာခန်းမဆောင် ဆောက်လုပ်လျက်ရှိ

Wednesday, 05 June 2019 10:30 font size decrease font size decrease font size increase font size increase font size

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါတော်ကူးကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြစိမ်းရောင် စီမံကိန်း အတိုးရငွေဖြင့် ကျေးရွာခန်းမဆောင် ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှစ၍ ဒေါတော်ကူးကျေးရွာနှင့် ဒေါဆိုကလောကျေးရွာ နှစ်ရွာပေါင်းပြီး မြစိမ်းရောင် စီမံကိန်းချေးငွေ ကျပ်သိန်း ၃ဝဝ ကို ထုတ်ချေးပေးခဲ့ပြီး ငါးနှစ်တာ ကာလအတွင်း အတိုးရငွေကျပ် သိန်း ၁၆ဝ ရရှိသည့်အတွက် အတိုးရငွေ ၅ဝ ရာခိုင်နှုန်းဖြင့် ဒေါတော်ကူးကျေးရွာ ခန်းမဆောင် ဆောက်လုပ်ခြင်း ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးဦးမျိုးနိုင်ကပြောသည်။

အဆိုပါ ကျေးရွာခန်းမဆောင်အား မြစိမ်းရောင်စီမံကိန်းအတိုးရငွေ ၅ဝ ရာခိုင်နှုန်းမှ ငွေကျပ် သိန်း ၈ဝ နှင့်ပြည်သူလူထုမှ ထည့်ဝင်ငွေကျပ် ၃၃ သိန်းဖြင့် အလျားပေ ၆ဝ၊ အနံပေ ၃ဝ၊ အမြင့် ၁၂ ပေရှိ ကျေးရွာခန်းမ ဆောင်ကို မေလနောက်ဆုံးပတ်မှ စတင်၍ ဆောက်လုပ်လျက် ရှိကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)

Read 148 times Last modified on Wednesday, 05 June 2019 10:31