SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အကြို ဓာတ်ပုံပြပွဲ ကျင်းပလျက်ရှိ

Wednesday, 05 June 2019 10:37 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၅ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့တွင် လေထုညစ်ညမ်းမှု လျှော့ချနိုင်ရေးနှင့် ပတ်သက်ပြီး အများပြည်သူ အသိပညာတိုးပွားလာစေရန် ရည်ရွယ်၍ ဓာတ်ပုံပြပွဲတစ်ခုကို ဇွန် ၃ ရက်မှ ၆ ရက်အထိ ရန်ကုန်မြို့ Junction City ၌ ကျင်းပလျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသံအမတ်ကြီး Kristian Schmidt ၏ ပြောဆိုချက်အရ သိရသည်။

''လူထုအသိပညာပေးမှုကနေစပြီး သန့်ရှင်းတဲ့လေနဲ့ ပတ်သက်တဲ့ ဥပဒေတွေ၊ စံနှုန်းတွေ ချမှတ်ပြဋ္ဌာန်းတာတွေအပြင် လေထုညစ်ညမ်းမှုကို လျှော့ချပေးနိုင်တဲ့ နည်းပညာတွေကို အသုံးပြုပြီး လုပ်ဆောင်နိုင်ပါတယ်။ လူတစ်ဦးချင်းစီကနေ လေထုညစ်ညမ်းမှုကင်းစင်တဲ့ ကမ္ဘာကြီးဖြစ်လာဖို့ ပါဝင်အားဖြည့်ပေးကြဖို့ လိုပါတယ်'' ဟု Kristian Schmidt က ပြောသည်။

အဆိုပါ ဓာတ်ပုံပြပွဲတွင် နိုင်ငံအတွင်းရှိ လေထုအရည်အသွေးနှင့် ပတ်သက်သော နောက်ဆုံးရှာဖွေ စုဆောင်းရရှိသည့် သတင်းအချက်အလက်များနှင့် လေထုညစ်ညမ်းမှု ဖြစ်စေသည့် အဓိကအကြောင်းရင်းများကို Graph များဖြင့် ဖော်ပြထားပြီး လေထုညစ်ညမ်းမှုတိုက်ဖျက်ရေးအတွက် လူတိုင်းမည်ကဲ့သို့ ကူညီပါဝင် ဆောင်ရွက်နိုင်သည် များကို သရုပ်ဖော်ပြသထားသည်။

ယင်းဓာတ်ပုံများမှတစ်ဆင့် မြန်မာတစ်နိုင်ငံလုံးရှိ လေထုညစ်ညမ်းမှုဖြစ်စေသည့် အကြောင်းရင်းများနှင့် အကျိုးသက်ရောက်မှုများကို သိရှိခံစားစေနိုင်မည်ဖြစ်သည်။

ယခုအခါ ကမ္ဘာ့ပတ်ဝန်းကျင် အညွှန်းကိန်းအရ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာပေါ်၌ လေထုညစ်ညမ်းမှု အများဆုံး နိုင်ငံ ၁၅ နိုင်ငံတွင် ပါဝင်နေသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ လေ့လာတွေ့ရှိချက်များအရ ကမ္ဘာတစ်ဝန်း၌ လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်လူပေါင်း ခုနစ်သန်းနီးပါး အရွယ်မတိုင်မီ သေဆုံးလျက်ရှိပြီး လေးသန်းခန့်မှာ အာရှနှင့်ပစိဖိတ်ဒေသမှ ဖြစ်ကာ မြန်မာနိုင်ငံ၌ လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူပေါင်း ၂၂ဝဝဝ ခန့် သေဆုံး နေရကြောင်း သိရသည်။

KayKay

Read 142 times Last modified on Wednesday, 05 June 2019 10:38