SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကလေးသူငယ် ဆိုင်ရာ အလုပ်ရုံ ဆွေးနွေး

Thursday, 21 September 2017 12:07 font size decrease font size decrease font size increase font size increase font size

ညောင်ဦး စက်တင်ဘာ  ၂ဝ

မန္တလေးတိုင်း ဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ဖွင့်လှစ်ထားရှိသည့် ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပသည်။

အလုပ်ရုံ ဆွေးနွေးပွဲတွင် ရန်ကုန်မြို့ ကလေးသူငယ် အခွင့်အရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး စီမံကိန်းရုံးမှ မန်နေဂျာ ဦးမျိုးမြင့်ထွန်းက ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်၍ ရည်ရွယ်ချက်များကို အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားပြီး ညောင်ဦးမြို့နယ် ကလေးသူငယ်အခွင့်အရေးနှင့် ကလေး သူငယ် ကာကွယ်စောင့်ရှောက်ရေး စီမံကိန်းရုံးမှ တာဝန်ခံ ဦးသိန်းဇော်က ဆွေးနွေးရန် တက်ရောက်လာကြသူများကို  စီမံကိန်းလုပ်ငန်းများ ရေရှည်အကျိုးဖြစ်ထွန်းမှု ရှိစေရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် တက်ရောက် လာကြသူများက ဒေသအလိုက် ကလေးသူငယ် အခွင့်အရေး ပြည့်ပြည့်ဝဝရရှိရေး လုပ်ငန်းများ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများနှင့် ဆက်လက်လုပ်ဆောင်မည့် စီမံကိန်း လုပ်ငန်း များကို အပြန်အလှန် ဆွေးနွေး အကြံပြုကြရာ တာဝန်ရှိသူများက တက်ရောက်လာသူများ၏ အကြံပြုချက်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြသည်။ အလုပ်ရုံ ဆွေးနွေးပွဲသို့ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ တက်ရောက်ကြပြီး အလုပ်ရုံ ဆွေးနွေးပွဲကို စက်တင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိ သုံးရက်ကြာ ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။

Read 295 times Last modified on Thursday, 21 September 2017 12:08