SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကားလမ်းနှင့် တံတား ပြိုကျ ပျက်စီး

Thursday, 21 September 2017 12:08 font size decrease font size decrease font size increase font size increase font size

ထီးလင်း စက်တင်ဘာ ၂ဝ

မကွေးတိုင်းဒေသကြီး  ဆောမြို့နယ်၌  ယမန်နေ့နံနက်ပိုင်းက ဆောချောင်း ရေမြင့်တက်လျက်ရှိရာ ဆောမြို့နှင့် ခွင်း ချောင်းကျေးရွာ ဆောချောင်းကူး သစ်သားတံတားမှာ ရေတိုက်စားသဖြင့် အလျားပေ ၂ဝ ခန့် မျောပါပျက်စီးသွားသည်။

အဆိုပါ တံတားကို ငွေကျပ် ငါးသန်းဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အလျားပေ ၇ဝ၊ အနံ ၅ ပေ၊ အမြင့် ၁၅ ပေရှိ လူကူးတံတားဖြစ်ကာ ရေတိုက်စားသဖြင့် ခန့်မှန်းဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁ဝ သိန်းခန့်ရှိမည်ဟု သိရသည်။ ဆော ချောင်းကူး သစ်သားတံတား ပျက်စီးသွားသည့်အတွက် သွားလာမှု အဆင်ြေ ပနိုင်ရေး သက်ဆိုင်ရာဌာနမှ တာဝန်ရှိ သူတို့က စီစဉ်ဆောင်ရွက်လျက်ရှိပြီး ရေစီးအားလျော့နည်းလာသည့်အခါ မျောပါပျက်စီး သွားသည့်အပိုင်းကို ပြန် လည်ပြင်ဆင်မည်ဖြစ်ကြောင်း ခွင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းဝေထံမှ သိရသည်။

အလားတူ ဂန့်ဂေါခရိုင်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ထီးလင်း-ကျင်း-ရေဖြူ- ပေါက်မြို့သွား မော်တော်ကားလမ်း မိုင်တိုင်အမှတ် (၇ဝ/၅)နှင့် (၇ဝ/၆) ကြား ပုံတောင်ထိပ်၌ လမ်းပိုင်းပြိုကျမှု ဖြစ်ပွားကြောင်း သိရသည်။ လမ်းပိုင်းမှာ  အကျယ် ၁၂ ပေ၊ အလျား ပေ ၁၅ဝ၊ အမြင့် ၆ ပေခန့် ပြိုကျ လျက်ရှိပြီး ယာဉ်ကြောပိတ်ဆို့မှု  မဖြစ်စေ ရေးအတွက် လမ်းညာဖက်ခြမ်း အကျယ် ၁ဝ ပေခန့်ကို တာဝန်ရှိသူများက ကျောက်များခင်း၍ လမ်းလွှဲဆောင်ရွက် ထားကြောင်း သိရသည်။

Read 301 times Last modified on Thursday, 21 September 2017 12:09