SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

လယ်ယာသုံး စက်ကိရိယာများ သုံးစွဲမှု သင်တန်း ဖွင့်လှစ်

Thursday, 21 September 2017 12:09 font size decrease font size decrease font size increase font size increase font size

ဖြူး စက်တင်ဘာ ၂ဝ

ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် သမဝါယမ အသင်းစုမှ ကြီးမှူး၍ လက်မှုလယ်ယာမှ စက်မှုလယ်ယာ သို့ လျင်မြန်စွာ ကူးပြောင်းနိုင်ရေးအတွက် လယ်ယာသုံး စက်ကိရိယာများ သုံးစွဲမှုသင်တန်း ဖွင့်ပွဲ အခမ်းအနားကို   မြို့နယ်သမဝါယမ အသင်းစုရုံးခန်းမ၌ ယမန်နေ့က ကျင်းပသည်။

ဒေဒုံလယ်ထွန်စက် ဝယ်ယူထားသော တောင်ငူခရိုင် ခြောက်မြို့နယ်ဖြစ်သည့် ရေတာရှည်၊ ထန်းတပင်၊ တောင်ငူ၊ အုတ်တွင်း၊ ဖြူးမြို့နှင့် ကျောက်ကြီးမြို့နယ်တို့မှ သမဝါယမ အသင်းများက သင်တန်းသား ၆၁ ဦး တက်ရောက်ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်ဥက္ကဋ္ဌ ဦးေ အာင်မြိုင်နှင့် ဖြူးမြို့နယ် သမဝါယမ အသင်းစု ဥက္ကဋ္ဌ ဦးလှိုင်စိုးတို့က အမှာစကား ပြောကြားပြီး ဒေဒုံကုမ္ပဏီမှ ထုတ်လုပ်မှုဒါရိုက်တာ ဦးကျော်နိုင်က မိတ်ဆက်အမှာစကား ပြောကြားသည်။ အဆိုပါ သင်တန်းတွင် သင်တန်းသား ၆၁ ဦးအား သင်တန်းနည်းပြ ဆရာများ ကဒေဒုံလယ်ယာသုံး စက်ကိရိယာ များကို ကိုင်တွယ်မောင်းနှင်ရာတွင် ထိရောက်စွာ အသုံးပြုမောင်းနှင်နိုင်ရေး အတွက် စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရသည်။

Read 287 times Last modified on Thursday, 21 September 2017 12:10