SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မြစ်သာမြစ်ရေ မြင့်တက်မှုကြောင့် လူနေအိမ်နှင့် လမ်းတံတား ပြိုကျ ပျက်စီး

Thursday, 21 September 2017 12:10 font size decrease font size decrease font size increase font size increase font size

ကလေး စက်တင်ဘာ ၂ဝ

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ် အတွင်း၌ ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်သာမြစ်ရေ မြင့်တက် မှုကြောင့် လူနေအိမ်များနှင့် လမ်းတံတားများ ပြိုကျပျက်စီးမှု ဖြစ်ပွားကြောင်း သိရသည်။

မြစ်သာမြစ်ရေ မြင့်တက်မှုကြောင့် ကလေးမြို့နယ် တောင်ဦးကျေးရွာရှိ အိမ်ခြေ ၄ဝ ခန့်၌ ရေအနက် ၁ ပေခန့်၊ ပေါက် တောအနောက်ဘက်ကျေးရွာရှိ အိမ်ခြေ ၅ဝ ခန့်၌ ရေအနက် ၅ ပေခန့်၊ အင်းစိန်ကျေးရွာရှိ အိမ်ခြေ ၃ဝ ခန့်၌ ရေအနက် ၃ ပေခန့် ရေဝင်ရောက်လျက်ရှိသည်။ ထို့ပြင် မြောက်စည်းေ ကျးရွာ၌ အရှည် ပေ ၈၄ဝ ခန့်ရှိ ကျောက်စီ ရေကာတာမှာ နန်းကသည်းချောင်း ရေတိုက်စားမှုကြောင့် အရှည်ပေ ၁၅ဝ ခန့် ပြိုကျခဲ့သည်။ အလားတူ နေရဉ္စရာ ချောင်းရေတိုးမြင့်မှုကြောင့် ကလေးမြို့ ဖောင်ကူးတံတားနှင့် အင်တိုင်းကြီးကျေးရွာသို့ ဆက်သွယ်ထားသည့် မိုင်တိုင် အမှတ် (KM-2) နှင့် (KM- 3) အကြား၌ ချောင်းရေများ ၃ ပေခန့် ရေကျော်လျက်ရှိသဖြင့် မွန်းလွဲ ၁ နာရီခွဲတွင် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိကြောင်းသိရပြီး ညနေ ၅ နာရီ မိနစ် ၅ဝ တွင် ကလေးမြို့ မောက် လင်းကျေးရွာအုပ်စု အောင်မြင်သာကျေးရွာနှင့် ကျောင်းတိုက်ကျေးရွာအုပ်စု ဆည်တော်ဦးကျေးရွာသို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက် လမ်းနေရာရှိ ဆည်ကြီးချောင်းကို ဖြတ်သန်းတည်ဆောက်ထားသည့် အလျားပေ ၁၆ဝ၊ အနံ ၁၄ ပေရှိ သစ်သားဘေလီတံတားမှာ ချောင်းရေတိုက်စားပြီး တံတား၏ တောင်ဘက်ခြမ်း ပေ ၈ဝ ခန့်မှာ ချောင်း ရေအတွင်းသို့ မျောပါပျက်စီးသွားကြောင်း သိရသည်။

Read 300 times Last modified on Thursday, 21 September 2017 12:11