SJ WorldNews - шаблон joomla Авто

SMEနှင့် လက်မှုအနုပညာ ထုတ်ကုန်များ ပြပွဲကို အတွင်းဝန်များရုံး၌ နှစ်ရက်တာ ခင်းကျင်းပြသ

Monday, 17 June 2019 10:17 font size decrease font size decrease font size increase font size increase font size

 

မြန်မာနိုင်ငံ၏ SME ကဏ္ဍဖွံ့ဖြိုးရေးတွင် အထောက်အကူပြုနိုင်စေရန်  ရည်ရွယ်၍ SME နှင့် လက်မှုအနုပညာ ထုတ်ကုန်များ ပြပွဲကို  ရန်ကုန်မြို့ရှိ  အတွင်းဝန်များရုံး၌  ဇွန် ၁၅ ရက်နှင့် ၁၆ ရက်  နှစ်ရက်တာ ခင်းကျင်း ပြသလျက်ရှိကြောင်း မြန်မာနိုင်ငံ လက်မှုနှင့် အနုပညာရှင်များ အသင်း တွဲဖက် အတွင်းရေးမှူး  ဦးစိုးမိုးအောင်၏ ပြောပြချက် အရ သိရသည်။

'' The Secretariat Yangon နဲ့ လက်မှုအနုပညာရှင်များ အသင်းတို့ ပူးပေါင်းပြီး မြန်မာ နိုင်ငံရဲ့ SME  ကဏ္ဍ  ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် အခုလို စီစဉ်လိုက်တာပါ။ တခြား စင်တာတွေမှာ ဈေးရောင်းပွဲတော်တွေ ပြုလုပ်နေပေမယ့် ဝယ်ယူတဲ့သူတွေက ဈေးနှုန်း ကြီးကြီး ပေးဝယ်ရတယ်။ အဲဒီအတွက် အဖိုးအခကို အဓိကမထားဘဲ SME လုပ်ငန်းရှင် တွေ၊ လက်မှုအနုပညာရှင်တွေ ရောင်းလို့ရအောင် ပွဲတစ်ခုလုပ်ပေးဖို့ တောင်းဆိုတော့ အခုလို  ပူးပေါင်းကူညီဖြစ်တာပါ''   ဟု ဦးစိုးမိုးအောင် ကပြောသည်။

SME နှင့် လက်မှုအနုပညာ ထုတ်ကုန်များ ပြပွဲ၌  လက်မှုအနုပညာနှင့် ပတ်သက် သည့်ဆိုင်ခန်း  ၂၅ ခန်း၊ SME အသင်းမှ ဆိုင်ခန်း ၁ဝ ခန်းနှင့် တခြားသော အသေးစား၊    အလတ်စား လုပ်ငန်းများမှ ဆိုင်ခန်း ၃ဝ စုစု ပေါင်း ဆိုင်ခန်း ၆ဝ ကျော် ခင်းကျင်းပြသ ထားသည်။

ပြပွဲသို့ လာရောက်ကြည့်ရှုသူများ အနေဖြင့် ထုတ်လုပ် ရောင်းချသူများက တိုက်ရိုက် ရောင်းချခြင်း ဖြစ်သဖြင့်    စတိုးဆိုင်များ၊ အရောင်းစင်တာကြီးများထက်  သက်သာ သောနှုန်းဖြင့် ဝယ်ယူရရှိနိုင်ပြီး ထုတ်လုပ် ရောင်းချသူများ အနေဖြင့်လည်း ဈေးကွက် ဝယ်လိုအား သိရှိနိုင်ခြင်း၊   ဝယ်ယူသူများ  ဈေးနှုန်းပိုမို နားလည်စေရန်   အသိပညာ ဗဟုသုတ ရရှိရေး ဖန်တီးပေးထားသောကြောင့် ဈေးရောင်းချခြင်း တစ်ခုတည်း  မဟုတ်ဘဲ  ရောင်းသူဝယ်သူ ဘက်ပေါင်းစုံ အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သည်။

ထို့ပြင် ပြပွဲ၌ SME အနာဂတ်ဈေးကွက် အလားအလာ၊ ထုတ်လုပ်သူများ အသိပညာ ဗဟုသုတ ရရှိစေရန် ပညာရှင်များ၏  ဟောပြောပွဲများ၊ စကားဝိုင်းများ ပါရှိသဖြင့်  ထုတ် လုပ်သူများသာမက    စီးပွားရေး လုပ်ငန်း လုပ်ကိုင်ရန်  ပြင်ဆင်နေသူများ အတွက်ပါ    ဗဟုသုတအသိပညာများ   လေ့လာရရှိစေနိုင်မည် ဖြစ်သည်။

ယခုအခါ SME နှင့် ပြည်တွင်းထုတ်ကုန် လုပ်ငန်းများ အနေဖြင့် ခက်ခက်ခဲခဲကြိုးပမ်း နေရသည့်  အနေအထားဖြစ်ပြီး  သုံးစွဲသူများ အနေဖြင့်လည်း ပြည်တွင်းဖြစ် ထုတ်ကုန် များကိုအားပေးပြီး မြှင့်တင်ပေးကြရန် လိုအပ်ကြောင်း သိရသည်။

ပြည်တွင်း SME နှင့် လက်မှုထုတ်ကုန်များသည်   ကုန်ပစ္စည်းများကို   စမ်းသပ် ထုတ်လုပ်နေရသည့်   အနေအထားဖြစ်၍ ဈေးနှုန်းအနည်းငယ် ကွာဟနိုင်သော်လည်း အရည်အသွေးတူပါက ပြည်တွင်းထုတ်ကုန်များကိုသာ အားပေးရန် လိုအပ်ကြောင်း သိရ သည်။

Read 31 times Last modified on Monday, 17 June 2019 10:18