SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကျောင်းပြင်ပ မူလတန်း ပညာရေး (NFPE) လုပ်ငန်း ဖွင့်ပွဲ ကျင်းပ

Thursday, 21 September 2017 12:14 font size decrease font size decrease font size increase font size increase font size

ပုလော စက်တင်ဘာ ၂ဝ

တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ် ကျောင်းပြင်ပ မူလတန်းပညာရေး (NFPE) လုပ်ငန်း ဖွင့်ပွဲအခမ်း အနားကိုယမန်နေ့ နံနက် ၉ နာရီက ပုလောမြို့ အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ တနင်္သာရီ တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းနောင်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ကျောင်းပြင်ပ မူလတန်းပညာရေး (NFPE) ကြီးကြပ်ရေးမှူး ဦးသန်းညွန့်က ကျောင်းပြင်ပ ပညာရေးအကြောင်း သိကောင်းစရာများကို လည်းကောင်း၊ မြို့နယ်ပ ညာရေးမှူး ဒေါ်လှလှအေးက အခြေစိုက်စခန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းပြောကြားသည်။''ကျွန်တော့်မှာ မိဘများမပြည့်စုံလို့ ကျောင်းမနေရပေမယ့် အခုလိုပြင်ပပညာရေး သင်တန်းကျောင်းတွေရှိနေလို့ ပညာသင်ခွင့်ရခဲ့ပါတယ်။ အဲဒီအခွင့်အ ရေးကို အမိအရဖမ်း ဆုပ်ပြီး ကျောင်းဆရာ တစ်ယောက်ဖြစ်အောင် ကြိုးစားပါ့မယ်''ဟုအမှတ်(၃)ရပ်ကွက်မှ သင်တန်း သား မောင်သံလွင်စိုးက ပြောကြားသည်။

ယင်းနောက် မြို့နယ်ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား တာဝန်ပေးအပ်လွှာများ ပေးအပ်ကာ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေး Level(2) တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူနှင့် Level(2) အောင်ေ ကျာင်းသား၊ ကျောင်းသူများအား ပြည်သူ့ လွှတ် တော် ကိုယ်စားလှယ် ဦးအုန်းခင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကင်းရှိန်နှင့် တာဝန်ရှိသူများက ထောက်ပံ့ ပစ္စည်းပေးအပ်ကြကြောင်း သိရသည်။

Read 350 times Last modified on Thursday, 21 September 2017 12:15