SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အောက်ဆီဂျင်ဘူးနှင့် စက်တပ်ဆင်၍ အသက်ရှူရန် လိုအပ်သည့် လူနာများအား အခမဲ့ ဝန်ဆောင်မှု ပေးလျက်ရှိ

Thursday, 21 September 2017 12:15 font size decrease font size decrease font size increase font size increase font size

မိတ္ထီလာ စက်တင်ဘာ ၂ဝ

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့၌ အောက်ဆီဂျင်ဘူးနှင့် စက်တပ်ဆင်၍ အသက်ရှူရန် လိုအပ်သည့် လူနာများ အား ရန်အောင်မြင် လူမှုရေးအသင်းနှင့် ငြိမ်းရွှေအောက်ဆီဂျင် ဝန်ဆောင်မှုတို့ ပူးပေါင်း၍ အခမဲ့ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။

''မိတ္ထီလာမြို့နယ်အတွင်းမှာ အောက်ဆီဂျင်ဘူး ဒါမှမဟုတ် အောက်ဆီဂျင်ပေးစက် တပ်ဆင်ပြီး အသက်ရှူရန် လိုအပ်တဲ့ လူနာတွေအတွက် ရန်အောင်မြင် လူမှုရေး အသင်းနဲ့ ငြိမ်းရွှေအောက်ဆီဂျင် ဝန်ဆောင်မှုတို့ ပူးပေါင်းပြီး ၂၄ နာရီ အခမဲ့ ဝန်ဆောင်မှု ပေးနေပါတယ်။ အခမဲ့ဝန်ဆောင်မှု ဆိုပေမယ့် အောက်ဆီဂျင်ဘူးတွေ ငှားပေးတဲ့အခါမှာ အခ ကြေးငွေမယူဘဲ ဘူးထဲမှာ အောက်ဆီဂျင်ကုန်လို့ အောက်ဆီဂျင်ပြန်ဖြည့်တဲ့ အခါမှာတော့ တစ်ဘူးကို ငွေကျပ် ၃ဝဝဝ ပေးရတဲ့အခါမှာ ငွေကျပ် ၁၅ဝဝ ပဲပေးရပါတယ်။ ကျန်ငွေကျပ် ၁၅ဝဝ ကိုတော့ ဝန်ဆောင်မှုပေးတဲ့ဆီက ကျခံပေးတာပါ''ဟု ရန်အောင်မြင် လူမှုရေး အသင်းမှ ဦးအောင်ဆန်းထွန်းက ပြောသည်။

ဆက်သွယ် လှူဒါန်းလိုသူများနှင့် အောက်ဆီဂျင် လိုအပ်သည့် လူနာရှင်များ အနေဖြင့် ဦးအောင်ဆန်းထွန်း  ဝ၉-၄ဝ၂၅၂၅၃၁၂ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Read 421 times Last modified on Thursday, 21 September 2017 12:16