Print this page

မဒေါက်မြို့၌ ရေဘေးကာကွယ်ရေး သရုပ်ပြသခြင်း ဆောင်ရွက်

Monday, 17 June 2019 10:36 font size decrease font size decrease font size increase font size increase font size

မိုးရာသီရေကြီး နစ်မြုပ်မှုမှ လျော့နည်းသက်သာစေရေးနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရေဘေးကာကွယ်ရေးတာများ မကျိုးပေါက်စေရန် ကျေးရွာ၊ ရပ်ကွက်နေပြည်သူများ ပါဝင်၍ ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ရေဘေးကာကွယ်ရေး သရုပ်ပြသပွဲကို ဇွန် ၁၆ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မဒေါက်မြို့ မြို့မ(၁)ရပ်ကွက်ရှိ စစ်တောင်းတာမိုင် (၃၈/၅)မိုင်၌ ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်သိန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနော်မိုင်လှကြည်တို့က အမှာစကားပြောကြားပြီး ပဲခူးခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မိုးညွန့်က ရေဘေးကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်သင့်သည့် အချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ညောင်လေးပင်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဌာနမှူး ဦးသန့်ဇင်အောင်နှင့် အဖွဲ့ဝင်များက တာထိပ်ပေါ်ရေကျော်ပါက ကာကွယ်ရန် နည်းလမ်းများ၊ တာအိကျ၊ လျှောကျဖြစ်ပါက ကာကွယ်ရန် နည်းလမ်းများနှင့် သဲဗွက်ထပါက ကာကွယ်ရန် နည်းလမ်းများအား လက်တွေ့သရုပ်ပြသကြသည်။

ရေဘေးကာကွယ်ရေး သရုပ်ပြပွဲသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်သိန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွေး၊ ပဲခူးခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မိုးညွန့်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ပရဟိတအသင်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

Read 43 times Last modified on Monday, 17 June 2019 10:36