SJ WorldNews - шаблон joomla Авто

အင်းစိန်မြို့နယ်ရှိ တညင်းကုန်း ဈေးဟောင်းကို ဇွန် ၂၁ ရက်တွင် ပိတ်သိမ်းမည်

Wednesday, 19 June 2019 12:09 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ တညင်းကုန်း ဈေးဟောင်းကို  ယခုရက်ပိုင်းအတွင်း ပြောင်းရွှေ့နိုင်ရန် ဆောင်ရွက်လျက်ရှိရာ ဇွန်၂၁ ရက်တွင် အပြီးပိတ်သိမ်းမည် ဖြစ်ကြောင်း  ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပြည်သူ့ကျန်းမာရေးနှင့် ဈေးများလုပ်ငန်း တာဝန်ခံအဖွဲ့ ဈေးများဌာနမှ   ဒုတိယဌာနမှူး ဦးသောင်းတင်၏ ပြောပြချက်အရ သိရသည်။

အဆိုပါဈေးဟောင်းမှ  ဆိုင်ခန်းပေါင်း ၁ဝ၈၇  ခန်းကို  ယင်းဈေးဘေးကပ်လျက်ရှိသည့် တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်လက်ကား ဈေးသစ်ကြီးသို့ ပြောင်းရွှေ့ရန် သတ်မှတ်ပေးခဲ့ပြီး ဖြစ်သည်။

''ပိတ်သိမ်းရာမှာလည်း ဈေးသူဈေးသားတွေ ပစ္စည်းတွေမပျောက်အောင်  တာဝန်ယူရမှာဖြစ်တဲ့အတွက် လုံလုံခြုံခြုံပိတ်သိမ်းမှာ ဖြစ်ပါတယ်။တစ်နေရာတည်း ဖွင့်ထားပါမယ်။ ဒါကလည်း မသမာသူတွေဝင်လာရင်  မလိုလား အပ်တာတွေ မဖြစ်အောင် ဇွန် ၂၁ ရက်မှာ ဆိုင်ခန်းပိုင်ရှင်တစ်ဦး ဒါမှမဟုတ် နှစ်ဦးသာ ဝင်ခွင့်ရမှာဖြစ်ပါတယ်။ ပစ္စည်းတွေ ပြန်ပြီးတော့  ရွှေ့ပြောင်းတဲ့ စနစ်ကိုလုပ်မှာဖြစ်ပါတယ်''ဟု ဦးသောင်းတင် ကပြောသည်။

ဇွန် ၁၈ ရက်က ဈေးသစ်သို့ ပြောင်းရွှေ့ရန်  မှတ်ပုံတင်များ ထုတ်ပေးခြင်းဖြစ်ပြီး   မှတ်ပုံတင်မရှိသော ဆိုင်ရှင် ၆၂ဝ ကိုလည်း အထောက်အထားခိုင်လုံပါက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

''မှတ်ပုံတင်မရှိသေးသူတွေကိုလည်း ဟိုဘက်ရောက်ရင် စနစ်တကျ ထုတ်ပေးပါမယ်။

ဒါကလည်း အထောက်အထားတွေ လာတင်ပြမယ်ဆိုရင် မှတ်ပုံတင်ပေးပါမယ်။ နေရာကိုလည်း စနစ်တကျချပေးမှာဖြစ်ပါတယ်''ဟုဦးသောင်းတင်က ပြောသည်။

ထို့ပြင်  ဈေးသစ်မှ  ဆိုင်ခန်းခများကို လည်း သင့်လျော်သည့်နှုန်းထား အတိုင်းသာ ထားရှိပြီး  အဆိုပါဈေးဟောင်းမှဈေးသည်များကို ဈေးရုံ (၂) နှင့် (၃) တို့၌ နေရာချပေးထားမည်ဖြစ်သည်။

ဆိုင်ခန်းငှားခများမှာ ၅ ပေပတ်လည် တစ်ခန်းလျှင် ငွေကျပ် ၁၅ဝဝဝ၊ ၅ ပေ x ၁ဝ ပေတစ်ခန်းလျှင် ငွေကျပ်၂ဝဝဝဝ၊ ၅ ပေ x ၁၃ ပေတစ်ခန်းလျှင် ငွေကျပ် ၂၅ဝဝဝ ဖြင့် ငါးနှစ် ကောက်ခံမည်ဖြစ်ကာ တစ်နှစ်လျှင်  ၃၅ ရာခိုင်နှုန်း   တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး ခြောက်နှစ်မြောက်တွင် လက်ရှိ ပြင်ပဆိုင်ခန်းများကို အငှားချထားသည့် နှုန်းထားအတိုင်း ကောက်ခံမည်ဖြစ်ကြောင်း Myanmar Agro Exchange Public Co.,Ltd.မှ အမှုဆောင်အရာရှိချုပ်    ဦးအောင်ကြီး ၏ပြောဆိုချက်အရ သိရသည်။

ယင်းဈေးဟောင်းသို့ ပြောင်းရွှေ့ရန် ဈေးသူ၊ ဈေးသားများနှင့် ခုနစ်ကြိမ်မြောက်အထိ  ညှိနှိုင်းပြီးဖြစ်ကာ   ဈေးနှုန်းများအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် လေးကြိမ်မြောက် ဆွေးနွေးပြီး ဈေးသူ၊ ဈေးသားများ တောင်းဆိုထားသည့် ဈေးနှုန်းအတိုင်း ဆောင်ရွက်ပေးထားသဖြင့် မရွှေ့ပြောင်းပါက   အုပ်ချုပ်မှု နည်းလမ်းအတိုင်း  လုပ်ဆောင်မည်ဖြစ်ကြောင်း  သိရသည်။

လတ်တလောတွင် ဈေးသူ၊ ဈေးသားများမှာ အဆိုပါဈေးသစ်သို့ ပြောင်းရွှေ့ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လက်အောက်တွင်သာ ဆက်လက် တည်ရှိမည်ဖြစ်သောကြောင့် ဈေးသူ၊ ဈေးသားများ အနေဖြင့် စိုးရိမ်ရန်မလိုဘဲ ကျန်ဈေးများကိုလည်း ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ် ရှိကြောင်း သိရသည်။

 

Read 44 times Last modified on Wednesday, 19 June 2019 12:11