Print this page

YBS ၁၉၉၉ မော်ဒယ်မှ ၂ဝဝ၃ မော်ဒယ်ယာဉ်များ အပ်နှံခွင့်ပေးကာ လူစီးစလစ် ထုတ်ပေးနိုင်ရန် စီစဉ်

Wednesday, 19 June 2019 12:24 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီး၌ YBS ယာဉ်လိုင်းများတွင် ပြေးဆွဲလျက်ရှိသော ယာဉ်အို ယာဉ်ဟောင်း မော်ဒယ်နိမ့် ယာဉ်များဖြစ်သည့် ၁၉၉၉  မော်ဒယ်မှ ၂ဝဝ၃ မော်ဒယ်အထိ ယာဉ်များကို အပ်နှံခွင့်ပေးကာ လူစီးစလစ် ထုတ်ပေးနိုင်ရန် စီစဉ်နေကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ယင်းကဲ့သို့အပ်နှံခွင့်ရရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရ အဖွဲ့ထံ တင်ပြထားခြင်းဖြစ်ပြီး အပ်နှံခွင့်ပြုပြီးပါက လူစီးစလစ် ထုတ်ပေးရန် မကြာမီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း  သိရသည်။
''သံရည်ကျိုအပ်ခွင့် ပေးပြီး လူစီးစလစ် ခွင့်ပြုပေးဖို့ စီစဉ်နေတယ်။ မကြာခင် ခွင့်ပြုပေးဖို့ ကြေညာချက် ထုတ်ပြန်ပေးမှာပါ''ဟု ၎င်းကပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးတစ်ခုသာ  ဘတ်စကားအပ်နှံပါက   လူစီးစလစ် ရရှိနေပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၌ ဘတ်စကား အပ်နှံပါက ဘတ်စကား စလစ်သာ ရရှိမည်ဖြစ်ကြောင်း သိရသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့်  YBS  စနစ်ပြောင်းလဲပြီး နောက်     မြို့အင်္ဂါရပ်နှင့် မကိုက်ညီသည့် ယာဉ်အိုယာဉ်ဟောင်း ဘတ်စကားများကို မော်ဒယ်သတ်မှတ်ကာ ၂ဝ၁၇  ခုနှစ်   နိုဝင်ဘာလမှစ၍  ၁၉၉၅ မော်ဒယ်နှင့်အောက်   ဘတ်စကားများကို  အပ်နှံခွင့်ပေးပြီး  လူစီးစလစ် ထုတ်ပေးခဲ့သည်။  ထို့နောက်  ဒုတိယအကြိမ်အဖြစ် ၂ဝ၁၈ ခုနှစ်  ဇန်နဝါရီလမှ စ၍  ၁၉၉၈  မော်ဒယ်နှင့်အောက်   ဘတ်စကားများကို  အပ်နှံခွင့်ပေး ခဲ့ကြောင်း သိရသည်။
Read 54 times Last modified on Wednesday, 19 June 2019 12:25