SJ WorldNews - шаблон joomla Авто

Mrs. Eva. HAGERအား မြန်မာနိုင်ငံ ဆိုင်ရာသြစတြီးယားနိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သ ဘောတူ

Friday, 22 September 2017 08:27 font size decrease font size decrease font size increase font size increase font size

Mrs. Eva. HAGER အား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဆိုင်ရာ အထူးအာ ဏာကုန် လွှဲအပ်ခြင်းခံရသော သြစတြီးယား သမ္မတနိုင်ငံ သံအမတ်ကြီး အဖြစ်ခန့်အပ်ရန်

ပြည်ထောင်စု သမ္မတမြန် မာနိုင် ငံတော် အစိုးရက သဘော တူညီပြီးဖြစ်သည်။ Mrs. Eva. HAGERကို ၁၉၅၇ ခုနှစ် မတ်လ ၇ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ၎င်းသည် ၁၉၈၅ ခုနှစ် တွင် သြစတြီးယားနိုင်ငံ ဗီယင်နာ တက္ကသိုလ်မှ အာရပ်နှင့် အစ္စလာမ်မစ်လေ့လာရေးနှင့် နိုင်ငံရေး သိပ္ပံဆိုင်ရာ ပါရဂူဘွဲ့ကိုရရှိခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် သြစတြီးယားနိုင်ငံခြားရေး ဝန်ကြီးဌာန သို့ စတင်ဝင်ရောက်ခဲ့ပြီး ၂ဝဝ၅ ခုနှစ်အထိ သြစတြီး ယားနိုင်ငံခြား ရေးဝန်ကြီး ဌာနနှင့် ဆီးရီးယား၊ အယ်လ်ဂျီးရီးယား၊ တူနီးရှား၊မက္ကဆီကိုနိုင်ငံတို့ရှိ သြစတြီးယား သံရုံးများ နှင့် Strasbourg ရှိ ကောင်စစ်ဝန်ချုပ်ရုံးတို့၌ ရာထူးအဆင့်ဆင့်ဖြင့် တာဝန် ထမ်းဆောင် ခဲ့သည်။

၂ဝဝ၅ ခုနှစ် ဧပြီလမှ ၂ဝဝ၉ ခုနှစ် သြဂုတ်လအထိ ဆိုက်ပရပ်စ်နိုင်ငံဆိုင်ရာ သြစတြီး ယားသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလမှစ၍ မက္ကဆီ ကိုပြည်ထောင်စု နိုင်ငံဆိုင်ရာ သြစတြီး ယား သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်နှင့် အာရပ်ဘာသာ စကားတို့ကို တတ်ကျွမ်းသည်။

Read 279 times Last modified on Friday, 22 September 2017 08:29