SJ WorldNews - шаблон joomla Авто

အခြေခံ စားသောက်ကုန်နှင့် ဆေးဝါးများ လိုက်လံစစ်ဆေး

Friday, 22 September 2017 08:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၂၁

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့ သီရိရတနာမြို့မဈေးအတွင်း စီးပွားရေး နှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီးဌာနနှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနတို့ ပူး ပေါင်း၍

အခြေခံစားသောက်ကုန်နှင့်ဆေးဝါးများ လိုက်လံစစ်ဆေးခြင်းကို ယနေ့ နံနက် ၁ဝ နာရီတွင် ဆောင်ရွက်သည်။ထိုသို့စစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးစိုးငြိမ်းနှင့်ဝန်ထမ်းများ၊ ဒက္ခိဏ ခရိုင်ပြည် သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာတင်ရာဇာထူး၊ မြို့နယ်စည် ပင်သာ ယာအုပ်ချုပ်ရေးမှူးရုံး သီရိ ရတနာမြို့မဈေးတာဝန်ခံ ဦးသိန်းဇော်နှင့် ဌာနဆိုင်ရာများ၊ ဈေးတာ ဝန်ခံများကမြို့မဈေးအတွင်း အခြေခံ စားသောက်ကုန် နှင့်ဆေးဝါး များမှတ် ပုံတင် ထားခြင်းရှိ၊ မရှိ၊သက်တမ်းလွန်ဆေးဝါးနှင့် စားသောက်ကုန်များကို လိုက်လံစစ်ဆေးကြသည်။

ထို့နောက် စားသောက်ကုန်နှင့်ဆေးဝါးရောင်းချသူများအား ခရိုင်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးစိုးငြိမ်းက စားသုံးသူကာကွယ်ပေးရေးဥပဒေပါ စားသုံးသူပြည်သူများ၏ ဘေးဥပဒ် အန္တရာယ်ကင်းရှင်းစေရေး၊ ကျန်း မာရေး စိတ်ကျေနပ်မှု ရရှိစေရေးတို့ အတွက် အာမခံချက်များ ပေးနိုင်သည့် အရည်အသွေးမီ ကုန်စည်နှင့် ဝန်ဆောင်မှုတို့ကို ဖော်ဆောင်ပေးရေး၊ ထုတ်လုပ်သူ၊ ကုန်သွယ်သူ၊ ရောင်းချသူ၊ ဝန်ဆောင်မှုပေးသူတို့ အနေဖြင့် ၂ဝ၁၄ ခုနှစ် မတ်လတွင် ပြဋ္ဌာန်းခဲ့သည့် စားသုံးသူကာကွယ်ပေးရေးဥပဒေအရ သတိပေးထုတ်ပြန်ချက်များကို ရှင်းလင်းပြောကြားပြီး စားသုံးသူ ကာကွယ်ပေးရေး အသိပညာပေး လက်ကမ်း စာစောင် များဖြန့်ဝေပေး ကြောင်းသိရသည်။

Read 277 times Last modified on Friday, 22 September 2017 08:42