SJ WorldNews - шаблон joomla Авто

မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေတိုက်စားမှုကြောင့် တံတားများ ပျက်စီး

Friday, 22 September 2017 08:54 font size decrease font size decrease font size increase font size increase font size

ကလေး    စက်တင်ဘာ    ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့က တံတားများ ပျက်စီးကြောင်း သိရသည်။

ကလေးခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကလေးမြို့နယ် ညောင်ကုန်းကျေးရွာနှင့် မင်းလှကျေးရွာသို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက် ကြိုးတံတား(နတ်တံခါးချောင်းကြိုးတံတား)သည် တာင်ကျချောင်းရေများ တိုးမြင့်လာမှုကြောင့် ချောင်းအတွင်းသို့ ရေစီးဖြင့် မျောပါသွားခဲ့သည်။

ထို့ပြင် ကလေးမြို့နယ် အရှေ့ခုံသာကျေးရွာနှင့် ရာဇဂြိုဟ်ကျေးရွာအကြား နေရဉ္စရာမြစ်အား ဖြတ်သန်းတည်ဆောက်ထားသည့် အလျားပေ ၈၁ဝ၊ အနံ ၆ ပေရှိ သစ်သားတံတားမှာ မြစ်ရေတိုက်စားမှုကြောင့် တံတားအလယ်မှ အလျားပေ ၂၁ဝ ခန့်မှာ ရေစီးဖြင့် မျောပါသွားခဲ့ရာ ကာလတန်ဖိုးငွေကျပ် ကိုးသိန်းခန့်ဆုံးရှုံးကြောင်းနှင့် ကလေးမြို့နယ် အရှေ့ခုံသာနှင့် အနောက်ခုံသာကျေးရွာအကြား နေရဉ္စရာမြစ်အား ဖြတ်သန်း တည်ဆောက်ထားသည့် အလျား ၄၂ ပေ၊ အနံ ၆ ပေရှိ သစ်သားတံတားမှာ မြစ်ရေတိုက်စားမှုကြောင့်  ရေစီးဖြင့် မျောပါသွားခဲ့ရာ ကာလတန်ဖိုးငွေကျပ် တစ်သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ 

Read 389 times Last modified on Friday, 22 September 2017 08:54