SJ WorldNews - шаблон joomla Авто

တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာ ဝယ်ယူခွင့် ရရှိသူများ ဇွန် ၂၁ ရက် နောက်ဆုံးထား၍ သက်ဆိုင်ရာ ဌာနနှင့် ဘဏ်သို့ဆက်သွယ်ရမည်

Thursday, 20 June 2019 12:41 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒုတိယ အသုတ်အဖြစ် ရောင်းချပေးခဲ့သည့် တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာ အခန်းဝယ်ယူ ခွင့်ရရှိသူများ အနေဖြင့်    ဇွန်  ၂၁  ရက် နောက်ဆုံးထား၍  သက်ဆိုင်ရာဌာနနှင့် ဘဏ်သို့ ဆက်သွယ်ရမည်ဖြစ်ကြောင်း မြို့ပြနှင့်  အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန   ဒုတိယ ညွှန်ကြားရေးမှူး ဦးခင်ဇော်၏ ပြောဆိုချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အိမ်ရာစီမံကိန်းများ  ရောင်းချရေး ကြီးကြပ်မှုကော်မတီမှ ဒုတိယအသုတ်အဖြစ် ရောင်းချပေးခဲ့သည့် တန်ဖိုးနည်းနှင့် တန်ဖိုးသင့် အိမ်ရာဝယ်ယူ ခွင့်ရရှိထားသူများသည်  မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်သို့  ဆက်သွယ်ကြရမည်ဖြစ်ပြီး သတ်မှတ် ကာလအတွင်း   ဆက်သွယ်ခြင်း မရှိပါက ဝယ်ယူခွင့် ပျက်ပြယ်မည်ဖြစ်သည်။

ဇွန် ၄ ရက်က ရန်ကုန်မြို့ရှိ  မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၌  တန်ဖိုးနည်းနှင့်   တန်ဖိုးသင့်အိမ်ရာ တိုက်ခန်းများကို မဲနှိုက်စနစ်ဖြင့် ရောင်းချပေးခဲ့ပြီး   ဝယ်ယူခွင့် ရရှိထားသူများ အနေဖြင့်   သတ်မှတ်ကာလ အတွင်း ဆက်သွယ်ဆောင်ရွက်ရန် ညွှန်ကြား ထားခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် တန်ဖိုးနည်းနှင့် တန်ဖိုးသင့် အိမ်ရာများမှ  အိမ်ခန်းပေါင်း  ၃၂၅   ခန်း ရောင်းချပေးထားပြီး   ကနဦး ပေးသွင်းငွေအဖြစ်   တန်ဖိုးနည်း အိမ်ရာ တိုက်ခန်း အတွက် ၂ဝ ရာခိုင်နှုန်း၊ တန်ဖိုးသင့်အိမ်ရာ တိုက်ခန်းအတွက် ၃ဝ ရာခိုင်နှုန်း    ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

''သတ်မှတ်ကာလအတွင်း မဆက်သွယ်ရင်  ဝယ်ယူခွင့် ပျက်ပြယ်မှာဖြစ်တဲ့အတွက် အချိန်မီ ဆက်သွယ်ကြဖို့ လိုပါတယ်။   အခု ရောင်းချပေးခဲ့တာမှာ လာရောက်ဆက်သွယ်သူ  ၅၈ ဦးသာ ရှိပါတယ်။ ကျန်တဲ့အခန်းတွေကို  တတိယ အသုတ်မှာ ဆက်လက်ရောင်းချပေးမှာပါ။ လက်ရှိကတော့ ဒုတိယအသုတ် ဝယ်ယူခွင့်ရရှိသူတွေ အနေနဲ့ ဆက်သွယ်လာဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်''   ဟု ဦးခင်ဇော် ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ရာအမှန်တကယ် လိုအပ်ချက်ရှိနေသည့် ပြည်သူများအား ရောင်းချပေးနိုင်ရန် အိမ်ခန်းဝယ်ယူခွင့် လျှောက်လွှာများကို ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးများ၌ ရောင်းချပေးခဲ့ရာ လျှောက်လွှာပေါင်း ၆ဝ၂၇ စောင် လျှောက်ထားခဲ့ကြောင်း၊ ပထမအသုတ်တွင်  တန်ဖိုးသင့်၊  တန်ဖိုးနည်း အိမ်ရာအခန်း   ၈၆၄ ခန်းကို ဝယ်ယူခွင့် အုပ်စုလေးစုအတွက် သတ်မှတ် အချိုးအစားအလိုက် ခွဲဝေရောင်းချပေးခဲ့ပြီး ဇွန် ၄ ရက်က ဒုတိယအသုတ် အနေဖြင့်  ထပ်မံရောင်းချ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Read 45 times Last modified on Thursday, 20 June 2019 12:42