SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ရေးဆွဲပြီးဖြစ်သည့် မောင်းမကန်မြို့ပြ စီမံကိန်းကို အဆင့်ဆင့် တင်ပြကာ အတည်ပြုချက် ယူရမည်

Friday, 22 September 2017 09:23 font size decrease font size decrease font size increase font size increase font size

ကွင်းဆင်း ရေးဆွဲပြီးဖြစ်သည့် မောင်းမကန်မြို့ပြ စီမံကိန်းတွင် ဟိုတယ်ဇုန်၊ ဈေးဆိုင်ခန်းများ၊ အခမဲ့အများသုံး အပန်း ဖြေနေရာများ၊ ယာဉ်ရပ်နားရန် နေရာများ၊ ပန်းခြံများ၊ အားကစားကွင်းများ၊ လုံခြုံရေးစခန်း၊ ကွပ်ကဲရေး ရုံးခန်းများနှင့် အမှိုက်စွန့်ပစ်ရန် နေရာများ ပါဝင်မည်ဖြစ်ပြီး Town Plan ကိုအ ဆင့်ဆင့်တင်ပြကာ အတည်ပြုချက် ယူရမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီးမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

မောင်းမကန်မြို့ပြ စီမံကိန်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း ရေးဆွဲရေး အဖွဲ့က ကွင်းဆင်း ရေးသားပြုစုခဲ့ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ တင်ပြကာ သဘောတူညီမှု ရရှိပါက တိုင်းဒေသကြီး လွှတ်တော်၌ ထပ်ဆင့်အတည်ပြုချက်ယူခြင်းနှင့် ပြည်ထောင်စု လွှတ်တော်၌ တင်ပြ အတည်ပြုချက်ယူရခြင်းများ ဆောင်ရွက်မည် ဖြစ်သည်။ ထို့ပြင် မြို့ပြစီမံကိန်း ရေးဆွဲနေသော နေရာသည် အနားယူ အပန်းဖြေသူ အများဆုံး ကမ်းခြေဧရိယာ အပါအဝင် မောင်းမကန် ကမ်းခြေသည် မြေ ၃၅၄ ဒသမ ၆၄ ဧကရှိပြီး ၂ဝ၁၇ ခုနှစ် မတ် ၁၅ ရက်တွင် မြို့ပြစီမံကိန်း ရေးဆွဲပေးရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ တင်ပြခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ယင်းမြို့ပြ စီမံကိန်းကို မည်သည့်နေ့ရက်တွင် တည်ဆောက်ပြီးစီးမည်၊ မည်သည့်နေ့ရက်တွင် လုပ်ငန်းစ တင်အကောင်အထည်ဖော် ဆောင်မည်ကို အတည်မပြုနိုင်သေးကြောင်း တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြောသည်။ ယင်းစီမံကိန်းတွင် မြေ ၃၅၄ ဒသမ ၆၄ ဧကအတွင်း လူနေအိမ် ၂၅၆ လုံး၊ ဘန်ဂလို ၃၁ လုံး၊ ဈေးဆိုင် ၁၄၂ ခန်းနှင့် ခြံမြေကွက် ၆၂ ကွက်ကို စာရင်းကောက်ယူထားပြီး လျော်ကြေးများပေးချေခြင်းနှင့် ပြန်လည်နေရာ ချထားပေးခြင်းများကို အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အကောင် အထည်ဖော် တည်ေ ဆာက်မည် ဖြစ်ကြောင်း သိရသည်။

Read 359 times Last modified on Friday, 22 September 2017 09:31