SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဆဋ္ဌမ အကြိမ်မြောက် အိမ်ခြံမြေ အရောင်းပြပွဲတွင် ငွေကျပ် ၁၇ ဒသမ ၃ ဘီလီယံကျော်ဖိုး ရောင်းချနိုင်

Friday, 22 September 2017 09:24 font size decrease font size decrease font size increase font size increase font size

iMyanmarHouse.com မှ ကြီးမှူး၍ ဆဋ္ဌမ အကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲတွင် ငွေကျပ် ၁၇ ဒသမ ၃ ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့ကြောင်း iMyanmarHouse.com မန်နေးဂျင်း ဒါရိုက်တာ ဦးနေမင်းသူထံမှ သိရသည်။

အဆိုပါပြပွဲကို ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ စက်တင်ဘာ ၁၅ ရက်၊ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်ရေး ကုမ္ပဏီ ၅ဝ ကျော်မှ ရန်ကုန်၊ ပုသိမ်နှင့် တောင်ကြီးမြို့တို့ရှိ ဆောက်လုပ်ဆဲ၊ ဆောက်လုပ်ပြီးဖြစ်သော တိုက်ခန်း၊ ကွန်ဒို၊ လုံးချင်းနှင့် မြေကွက်များကို အထူးလျှော့ဈေးများ၊ တစ်နှစ်မှ ၁၅ နှစ်အထိ အရစ်ကျ ဝယ်ယူနိုင်သည့် စနစ်များဖြင့် ပါဝင်ပြသ ရောင်းချခဲ့ခြင်းဖြစ်သည်။ ''iMyanmarHouse.com ရဲ့ ရန်ကုန်မြို့ မှာကျင်းပတဲ့ ဆဋ္ဌမအကြိမ်မြောက် အိမ်ခြံမြေ အရောင်းပြပွဲကြီးပါ။ အရင်ငါးကြိမ်ထက် ပိုစည်ကားပြီး အောင်မြင်မှု ရခဲ့ပါတယ်။ မန္တလေးမြို့ မှာတစ်ကြိမ်၊ တောင်ကြီးမြို့မှာ တစ်ကြိမ်နဲ့ စင်ကာပူနိုင်ငံမှာ လေးကြိမ် ကျင်းပပြီးပါပြီ။ အခုပြပွဲအတွင်းမှာ တန်ဖိုးနည်း၊ တန်ဖိုးသင့် တိုက်ခန်းတွေကနေ ငွေကျပ်သိန်း ငါးရာဝန်းကျင် မီနီကွန်ဒိုတွေ၊ ငွေကျပ်သိန်း တစ်ထောင်ဝန်းကျင် လုံးချင်းအိမ်ရာတွေနဲ့ နိုင်ငံတကာ အဆင့်မီဆောက်လုပ်ပြီး ကွန်ဒိုအ ခန်းတွေ ပါဝင်တဲ့အပြင် YOMA Bank က ပြပွဲအတွင်း အိမ်ရာချေးငွေကို ချက်ချင်း လျှောက်ထားနိုင်ဖို့ စီစဉ်ပေးထားပါတယ်။

အထူးလျှော့ဈေးတွေ၊ အရစ်ကျငွေချေ စနစ်တွေနဲ့ ရောင်းချပေးခဲ့တာကြောင့် ဝယ်ယူသူတွေအတွက် အလွန်အဆင် ပြေခဲ့ပါတယ်'' ဟုဦးနေမင်းသူက ပြောသည်။ ယင်းပြပွဲအတွင်း ရောင်းအားအကောင်းဆုံး ကုမ္ပဏီခုနစ်ခုကို ရွေးချယ် ချီးမြှင့်ခဲ့ရာ Shwe Paing Htike ၊ River Front Garden & Kanbae Towers ၊Sun Myat Tun ၊ Chan Tha Shwe Myay ၊May Inya Condominium ၊Yone Min Development နှင့် Golden City Condominium တို့က အသီးသီး ဆွတ်ခူးရရှိကြောင်း သိရသည်။

Read 312 times Last modified on Friday, 22 September 2017 09:32