SJ WorldNews - шаблон joomla Авто

INDC ဆိုင်ရာ စွမ်းအင်ကဏ္ဍ အကောင်အထည် ဖော်ရေး အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

Friday, 22 September 2017 09:54 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ  ၂၁

မြန်မာနိုင်ငံ၏ အခြေအနေနှင့် သင့်လျော်မည့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (INDC)ဆိုင်ရာ စွမ်းအင်ကဏ္ဍ အကောင်အထည်ဖော်ရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းတို့က အဖွင့်အမှာစကားများ ပြောကြားကြသည်။

ထို့နောက် တက်ရောက် လာကြသူများက ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးအတွက် မြန်မာပြည်တွင် ဆောင်ရွက်နေသော  မူဝါဒနှင့် မဟာဗျူဟာများ၊ ပြည့်ဖြိုးမြဲ စွမ်းအင်ဖွံ့ဖြိုးရေး အတွက် လက်ရှိ ဆောင်ရွက်နေသော အခြေအနေများ၊  ထာဝစဉ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များတွင် ဖော်ပြသော ပြည့်ဖြိုးမြဲ

စွမ်းအင်အကြောင်း၊ ပြည့်ဖြိုးမြဲစွမ်းအင် အလားအလာနှင့် ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍတွင် ၎င်း၏အကျိုးပြုပုံများ၊ လက်ရှိဆောင်ရွက်နေသော ရေအားလျှပ်စစ် ထုတ်လုပ်ရေး အစီအစဉ်များ၊ အမျိုးသားစွမ်းအင် ထိရောက်ရေးနှင့် ထိန်းသိမ်း စောင့်ရှောက်ရေး ဆိုင်ရာမူဝါဒ မဟာဗျူဟာလမ်းကြောင်း၊ မြန်မာနိုင်ငံ၏ အခြေအနေနှင့် သင့်လျော်မည့် အမျိုးသားအဆင့် ရာသီ ဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်(INDC)၊ ကျေးလက်ဒေသများတွင် ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးချပုံ၊ နေစွမ်းအင် အလားအလာ၊ လေစွမ်းအင် အလားအလာ ဆိုင်ရာများကို ဆွေးနွေးကြသည်။

ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ အတွင်းရေးမှူး၊   ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကုလသမဂ္ဂနှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

Read 371 times Last modified on Friday, 22 September 2017 09:55